မိသားစုနဲ့ အတူတူ မွေးနေ့ပွဲလေးကို နေအိမ်မှာပဲ ရိုးရိုးရှင်းရှင်း ကျင်းပခဲ့တဲ့ သရုပ်ဆောင် နန်းရွှေရည်

ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာ ဆိုရင်တော့ သရုပ်ဆောင် နန်းရွှေရည်က မွေးနေ့ပွဲလေးကို နေအိမ်မှာပဲ မိသားစုနဲ့အတူတူ ရိုးရိုးရှင်းရှင်းလေး ကျင်းပခဲ့တဲ့ အကြောင်းကို အခုလိုပဲ

ပြန်လည်ပြောပြလာခဲ့ပါတယ်နော်။ သရုပ်ဆောင် နန်းရွှေရည်က “အသက် တစ်နှစ်ကြီးသွားပြန်ပြီ… ဒီနေ့လေးပေါ့.. လွန်ခဲ့တဲ့နှစ်များစွာက မေမေ့အတွက်တော့ သေမင်းနဲ့စစ်ခင်းရင်း

နာကျင်မှု့များစွာနဲ့ လူ့လောကထဲရောက်အောင် မွေးဖွားပေးခဲ့တယ်… မွေးနေ့ရှင်က ကိုယ် ဆိုပေမယ့် မွေးနေ့ပိုင်ရှင်က မေမေပါပဲ… မွေးနေ့ရောက်တိုင်း မိသားစုလေး ကျန်းမာကောင်းမွန်စွာနဲ့

အတူတူရှင်သန်နေထိုင်ခွင့် ရနေသေးတာဟာ ကိုယ့်အတွက်တော့ အကြီးမားဆုံးနဲ့ အပြည့်စုံဆုံး လက်ဆောင်မွန်ပါပဲ…” ဆိုပြီးတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသား ဖော်ပြထားပါတယ်နော်။