မိမိအိမ်ဂေဟာ ကျက်သရေတိုး၍ မင်္ဂလာရှိ လာဘ်ပွင့်အောင် သစ်တံခါးဆရာတော်မှ နည်းလမ်း ပေးတော်မူသည့် လုပ်ဆောင်ရမည်များ…

၁။ နံနက် အိပ်ယာထသည်နှင့် တစ်ပြိုင်နက် မျက်နှာသစ်ကာ သွားတိုက်ပီးပါက ဘုရားသောက်တော်ရေလဲ၊ ဆီမီးပူဇော်ပါ။ ဘုရားကျောင်းဆောင် သန့်ရှင်းရေးပြုလုပ်ပါ။

၂။ ဆွမ်းကပ် / ကော်ဖီတစ်ခွက်ကပ်ပါ။ သစ်သီးလှူလည်း ရပါတယ်။

၃။ ဂုဏ်တော်တစ်ပါးပွား (သို့မဟုတ်) ကိုးပါးလုံးပွားလည်းရ၊ ပုတီးစိပ်ရင် ပိုကောင်းပါ၏။

၄။ ကိုယ်လုပ်သော ကုသိုလ်တွေကို ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ အလုပ်အကိုင်၊ ရုံ ၊ ကုမ္ပဏီ၊ စက်ရုံတွေ၊ ဆိုင်တွေမှာ စောင့်သော နတ်မြတ်နတ်ကောင်းများအား အမျှပေးဝေပါ။

သစ်တံခါးဆရာတော် မေတ္တာဝေနည်းကိုဘဲ အစအဆုံး မေတ္တာပို့ပါ။ ပြီးရင် ကြေးစည် သို့ ခေါင်းလောင်းလှုပ် အမျှဝေပါ သာဓုခေါ်ပါ။

၅။ အိမ်မှာ နံနက်ခင်း စိတ်တိုစရာစိတ်ညစ်စရာ မတွေးဘဲ မပြောဘဲ မဆဲမိ၊ မအော်မိ၊ မဆူမိအောင် ကြိုးစားပြီး စောင့်ထိန်းပါ၊ လေ့ကျင့်ပါ။ မေတ္တာထားပါ အောင်မြင်ပါမည်။

၆။ ”လာဘ်ခေါ်ဂါထာ” ကို ရွတ်ပါ။

“အရံဟံဗုဒ္ဓေါ အရဟံဗုဒ္ဓေါ ဗုဒ္ဓသ ဂုဏတေဇဿ သဗ္ဗသဒ္ဓိလာဘံမေ ဘာဝိဿတိ” ကို (၁၀) ကြိမ်ရွက်ပါ။ ရွတ်ပြီးပါက အရပ် ရှစ်မျက်နှာ၊ အရပ် ကိုးမျက်နှာ၊ အရပ် ဆယ်မျက်နှာမှ လာဘ်ဝင်ပါစေ၊ မိတ်ဆွေကောင်းတွေ ဝင်ပါစေ၊ ငွေဝင်ပါစေ၊ ဘေးရန်ဟူသမျှ ကင်းကြပါစေ၊ ကောင်းသတင်းကြား၍ ကျော်ပါစေဟု အရပ် လေးမျက်နှာကို အာရုံပြုပြီးပြောပါ။

၇။ နံနက်ချိန်ခါ တေးသံသာ ကျက်သရေ မင်္ဂလာသာယာ နာပျော်ဖွယ် ဖွင့်ပီး မင်္ဂလာယူပါ။ ဆရာတော်ကြီးများ၏ တရားတော်များဖွင့်ပီး နံနက်စာစားပါ။

သစ်တံခါးဆရာတော်၏ မေတ္တာဓာတ်ကို ခံယူကာ ဆရာတော်၏ လုပ်စဉ်များကို တကယ် ယုံကြည်စွာ လုပ်ကြည့်ပါ၊ ဆောင်ရွက်ကြည့်ပါ၊ ထူးခြားစေရပါမည်။ သစ်တံခါးဆရာတော်၏ စာအုပ်ထဲမှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။

မနက်တိုင်း အိပ်ယာတော့ စောစောထရတာပေါ့နော်။ အိပ်ယာ စောစောထခြင်းကြောင့် မိမိ၏ ကိုယ်စောင့်နတ်လည်း မိမိကို ချစ်တဲ့ဓာတ်ကို ရပါတယ်။ အလုပ်သွားရင်လည်း နောက်ကျတာမျိုး မဖြစ်ဘဲ ညဘက်အိပ်ယာဝင်ရင်လည်း တရေးထဲ အိပ်ပျော်စေပါတယ်။

အားလုံးဘဲ ခုနှစ်ရက် သားသမီးအပေါင်း နေအိမ်မှာ နေထိုင်ကြသူ အိမ်သူအိမ်သားအားလုံးကျက်သရေတိုးပါစေ၊ လာဘ်ပွင့်ကြပါစေ၊ အဆင်ပြေကြပါစေ၊ အပူအပင် ကင်းအေးကြပါစေ။

🙏သစ်တံခါးဆရာတော်🙏

Be the first to comment

Leave a comment

Your email address will not be published.


*