မိဘများအတွက် အိမ်ဆောက်ပေးဖို့ စုထားတဲ့ ပိုက်ဆံသိန်းတစ်ရာကို လက်ဦးဆရာ ထူးခန့်ကျော်ကို အပ်ထားခဲ့တဲ့ မင်းသားချော သုတအောင်

မင်းသားချော သုတအောင်ကတော့ အမိုက်စား သရုပ်ဆောက်ကွက်တွေ နဲ့အတူ အမျိုးမျိုးသောဇာတ်ကောင်တွေမှာ မတူညီတဲ့ သရုပ်ဆောင်မှုများနဲ့ အကောင်းဆုံး

သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်ကြီးတွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာ ဆိုရင် မင်းသားချော သုတအောင်က

မိဘတွေအတွက် အိမ်ဆောက်ပေးဖို့ စုထားတဲ့ ပိုက်ဆံ သိန်းတစ်ရာကို လက်ဦးဆရာ ထူးခန့်ကျော်ကို အပ်ထားခဲ့တဲ့ အကြောင်းကို အခုလို ပြောပြလာခဲ့ပါတယ်နော်။

သရုပ်ဆောင် ထူးခန့်ကျော်ကလဲ “မိဘဆိုတာကတော့ သားသမီးကို မမျှော်ကိုးပါဘူး… သုတအောင်ရဲ့ မိဘတွေကလည်း သူအောင်မြင်လာရင် ငါတို့ စားရမယ် ဆိုတဲ့

စိတ်မျိုး မထားကြဘူး… ကလေးကိုယ်တိုင်က မိဘအပေါ်သိတက်တဲ့စိတ်ရှိလို့ မိဘကျေးဇူးကို ဆပ်ချင်တာပါ.. ကျွန်တော့်ကိုလည်း သူ ပထမဆုံးရတဲ့ အနုပညာငွေကြေးတွေနဲ့

လာကန်တော့တာကို လက်မခံခဲ့ဘူး… လက်အုပ်ချီပြီးတော့ပဲ ကန်တော့ခိုင်းခဲ့တယ်… သုတအောင်က သူ့မိဘတွေအတွက်

အိမ်ဆောက်ပေးဖို့ စုထားတဲ့ငွေ သိန်းတစ်ရာကို ကျွန်တော့်ဆီမှာ အပ်ထားတယ်…” ဆိုပြီးတော့ အခုလိုပဲ ပြောပြလာခဲ့ပါတယ်နော်။