မိဘနှစ်ပါးအား အမှူးထားပြီး တောင်ပုလုစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် သုတအောင်

သရုပ်ဆောင် သုတအောင်ကတော့ လက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ “ဝိပါက” ဇာတ်လမ်းတွဲထဲမှာ ထူးခန့်ကျော်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေ အားလုံးဟာ

အချိန်တိုအတွင်းမှာပဲ လက်ခံအားပေးခြင်းကို ရရှိခဲ့ရပါတယ်။ သရုပ်ဆောင် သုတအောင်ဟာ ဆရာတွေကိုလေးစားသလို မိဘကိုလဲ သိတတ်လိမ္မာသူတစ်ဦးလဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ သရုပ်ဆောင် သုတအောင်က

“နယ်မှာရှိသော အဖေနှင့် အမေအား အမှူးထား၍ အခွင့်သာ၍ ကံစပ်ကာ ရောက်ရှိခဲ့သော တောင်ပုလ စေတီတော်မြတ်ကြီးအား တည်ထားရာတွင် ကျွန်တော် နိုင်သလောက်လေး လှူဒါန်းခဲ့ပါတယ် ခင်ဗျာ…..🙏🙏🙏🙏🙏” ဆိုပြီးတော့

လူမှုကွန်ယက် စာမျက်နှာမှာ တင်လာခဲ့ပါတယ်နော်။ ဒီနေ့မှာ သရုပ်ဆောင် သုတအောင်က မိဘနှစ်ပါးဖြစ်တဲ့ ဦးတင်အောင် + ဒေါ်မော်မော် (မိသားစု) ရန်ကုန်မြို့မှ တောင်ပုလစေတီ ပြုပြင်မွမ်းမံရန်နှင့် တောင်ပုလ တောင်တော်

ဘက်စုံ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေ (၁၀၀၀၀၀ိ/)ကျပ် လှူဒါန်းပါသည်။ နတ်လူသာဓုခေါ်စေသော်ဝ်။ မိဘအပေါ်သိတတ်တဲ့ သုတအောင်ရဲ့စိတ်ဓာတ်ကတော့ လေးစားအတုယူဖို့ ကောင်းပါတယ်နော်။