မိန်းမအလှပြင်တာကို စိတ်ရှည်လက်ရှည်နဲ့ ထိုင်စောင့်ပေးတတ်တဲ့ နေဝင်း အကြောင်းကို ပြောပြလာခဲ့တဲ့ အိမ့်ချစ်ချော

Snare အဖွဲ့က အဆိုတော် နေဝင်းကတော့ လူငယ်ပရိသတ်တိုင်း ကြိုက်နှစ်သက်အားပေးရတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နေဝင်းဟာ အခုဆိုရင် အိမ်ထောင်ကျပြီးခဲ့ပြီဖြစ်ပြီး သူနဲ့ ချစ်သူသက်တမ်း (၁၁) နှစ်တာ

ချစ်ကြိုက်လာခဲ့တဲ့ ခရီးသွားဘလော့ဂါ အိမ့်ချစ်ချောနဲ့ တစ်အိုးတစ်အိမ် ထူထောင်ထားတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်သက် နှစ်နှစ်ကျော်ရှိခဲ့ပြီ ဖြစ်တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ဟာ အခုအချိန်ထိ ကလေးမယူသေးပဲ နှစ်ယောက်တည်း

လွတ်လပ်တဲ့အချိန်တွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်သည် ဇနီးမောင်နှံတွေပီပီ လိုအပ်ချက်တွေကို အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းပေးတတ်တဲ့ နေဝင်းတို့ ဇနီးမောင်နှံဟာ ဒီကနေ့မှာလည်း ပရိသတ်တွေကို

အားကျစေခဲ့ပြန်ပါပြီ။ အိမ့်ချစ်ချောက သူမအလှပြင်တာကို အကြာကြီးထိုင်စောင့်ပေးခဲ့တဲ့ နေဝင်းရဲ့ အကြောင်းကို “မိန်းမကို Spa လိုက်စောင့်ပေးသော အကိုကြီး Nay Win Love you…” ဆိုပြီး သူမတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့

ပုံရိပ်ကို ပြသလာပါတယ်။ နေဝင်းကတော့ သူ့ရဲ့ဘဝမှာ တစ်ယောက်တည်း ချစ်ခဲ့ပြီး အဆိုပါ တစ်ယောက်တည်းနဲ့ပဲ သာယာတဲ့အချိန်တွေကို အတူတူဖြတ်သန်းကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဝင်းတို့ ဇနီးမောင်နှံနှစ်ယောက်ကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။