မိန်းမနဲ့ သားအတွက် ခင်ပွန်းဖြစ်သူဆီက ဝမ်းသာစရာကောင်းလှတဲ့ ကတိစကားတစ်ခွန်းကြောင့် အရမ်းကို ပျော်ရွှင်ခဲ့ရတယ့် အဆိုတော် ဗီဗာဟိန်း

အဆိုတော် ဗီဗာဟိန်းကတော့ သူမရဲ့ မြူးကြွတဲ့ တေးသီချင်းတွေကြောင့် မသိတဲ့သူ မရှိလောက်အောင် အောင်မြင်တဲ့ တေးသံရှင်တစ်ယောက်ပါပဲ။ ဗီဗာဟိန်းဟာ ပြီးခဲ့တဲ့နှစ်မှာ အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် သားလေးတစ်ယောက်ကို

မွေးဖွားထားကာ သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဗီဗာဟိန်းက သူမရဲ့ခင်ပွန်းဆီက မမျှော်လင့်ထားတဲ့ ကတိစကားလေးကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရတယ်လို့ ပြောလာပါတယ်။

ဗီဗာဟိန်းက “ယေးးးးး ဒီနေ့ပျော်လိုက်တာယောက်ျားရဲ့ suprise အကြီးကြီး ကတိတခု ရလိုက်တယ်.. အရမ်းဝမ်းသာပြီး အရမ်းလဲပျော်တယ် အရမ်းချစ်တယ်… ချစ်ချစ်တုန်း အာဘွား မွပ်မွပ်… သက်ရှည်ကျန်းမာပြီး

တို့မိသားစုလေး တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားကြမယ်နော်… ချစ်တူ 😍😘 17.12.2022 4:35pm…” ဆိုပြီး သူမရဲ့ခင်ပွန်းဆီက ရာသက်ပန်အရက်ဖြတ်ပါမယ် ဆိုတဲ့ ကတိစကားလေးကြောင့် အရမ်းပျော်ခဲ့ရတယ်လို့

ဆိုလာပါတယ်။ ဗီဗာဟိန်းရဲ့ခင်ပွန်းကတော့ ဇနီးနဲ့သားလေး ဗိုလ်ဗီဗာဟိန်းအတွက် ရာသက်ပန် အရက်ဖြတ်မယ် ဆိုပြီး ကတိပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဗီဗာဟိန်းတို့မိသားစုလေး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်သွားပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။