ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး သဇင်ထူးမြင့်ကတော့ ဖခင်ကြီး ဦးခင်လှိုင်ရဲ့ အနုပညာသွေးအပြည့် ပါပြီး အောင်မြင်နေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့
မိခင်ကြီးရဲ့ မွေးနေ့လေးမှာ သဇင်ထူးမြင့်က အလှူအတန်းတွေ လုပ်ပြီး ထူးထူးခြားခြားလေး မွေးနေ့လက်ဆောင် ပေးခဲ့တာလည်း ဖြစ်ပါတယ်။ သဇင်ထူးမြင့်က “Happy Birthday
မေမေ.. မေမေ့မွေးနေ့က စပြီး အဆိုးတွေကုန်ပြီး ကျန်းမာပျော်ရွှင်စွာ နေနိုင်ပါစေ… အစစအရာရာ သည်းခံနိုင်လွန်းတဲ့ မေမေ… ပျော်ရွှင်မှုတွေနဲ့ပဲထိုက်တန်တာမို့ ပျော်ရွှင်မှုတွေ အမြန်ဆုံး
မေမေ့ဆီ ရောက်လာပါစေ… ဒီနှစ် မေမေ့မွေးနေ့တွက်လက်ဆောင်အနေနဲ့ အလှူတွက် လိုအပ်တာတွေ အစဆုံး အကုန်စီစဉ်ပြီး မွေးနေ့မှာ မေမေဝတ်မယ့် ဝတ်စုံလေးကိုပါ
ကြိုအပ်ထားပြီး လက်ဆောင်အနေနဲ့ ပြင်ဆင်ပေးခဲ့ပါတယ်..” ဆိုပြိး အမှတ်တရပုံလေးတွေ တင်ပေးလာတာ ဖြစ်ပါတယ်။