မန္တလေးမြို့က နာမည်ကြီး ဆယ်လီဘရစ်တီ တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင် မေနွယ်ထွန်းကတော့ မန္တလေးမြို့က ပွဲတက်တွေ၊ ကြော်ငြာတွေနဲ့ သီချင်း MV တွေကို အများဆုံး
ရိုက်ကူးပေးရတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မေနွယ်ထွန်းဟာ ပြီးခဲ့တဲ့နှစ်တွေက ထုတ်လွှင့်ပြသတဲ့ “အိပ်မက်တွေမိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲမှာတော့
ပိုပြီး လူသိများလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထင်သလောက် အောင်မြင်မှုတွေ မရရှိသေးတဲ့ မေနွယ်ထွန်းဟာ သူမကို ပရိတ်သတ်တွေက
သရုပ်ဆောင် တစ်ယောက်အဖြစ် မသိကြတဲ့အပေါ်ကို ပွင့်လင်းစွာနဲ့ပဲ ပြောလာခဲ့ပါတယ်။ မေနွယ်ထွန်းက သူမကို “ဘယ်မှာ သရုပ်ဆောင်တာလဲ မသိလို့..” လို့ မေးတဲ့
ပရိတ်သတ်ရဲ့ မေးခွန်းအပေါ် “သူမေးတာလဲ မမှားဘူး… အကုန်လုံး ဝင်အောင်းတာတောင် ကိုယ်ပါလိုက်တဲ့ ကားက တစ်ကားရယ်.. ပြတာ ၁၅ မိနစ် ကြော်ငြာ ၁၀ မိနစ် ပါတာ…
နောက် ရုပ်ရှင်ကားကြီး ကြတော့ ပြီးခါနီး မဆက်ဖြစ်တော့ဘူး… အနုပညာနဲ့ အကျိုးပေးတယ်ဆိုတာ ဒါမျိုး… တအား အောင်မြင်တာလေ… ဘယ်သူမှကိုမသိဘူး…
အခုမှ လူနည်းနည်း စသိလာပြန်တော့.. သိတယ် သိတယ် ဟို ရေခဲရေ ရောင်းတဲ့ အမကြီးတဲ့.. ဘဝက…” ဆိုပြီး သူမရဲ့အဖြစ်ကို ပြောပြလာပါတယ်နော်။
Be the first to comment