ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာ ဆိုရင်တော့အဆိုတော် ကော်နီက မထင်မှတ်ဘဲ ပြန်တွေ့ခဲ့ရတဲ့ အဆိုတော်ကြီး အင်္ဂလန်စိန်အကြောင်း အခုလို ပြောပြလာခဲ့ပါတယ်နော်။ အဆိုတော် ကော်နီက “မကော် မင်္ဂလာပွဲ Wedding Dinner ပွဲတွေ
မဆိုဖြစ်တာ (၃) နှစ်ကျော်ပြီပေါ့… ကျန်ခဲ့တဲ့ တပတ်ကတော့ မငြိမ်း (အင်္ဂလန်စိန်) Aces Band က ချိန်းတဲ့အခါ ဒီအမတွေကို တွေ့ချင်လွန်းလို့ ပွဲထွက်ဆိုခဲ့ပါတယ်… ကိုယ့်အမအသံကို မကြားရတာကြာပြီမို့ နားထောင်လို့ကောင်းလိုက်တာ
ဆိုတာ… မကော် ငယ်စဉ်က အားကျခဲ့ရတဲ့အဆိုတော် ဆိုရင် “ငြိမ်းငြိမ်းအိ” ဆိုတဲ့ (အင်္ဂလန်စိန်) ပါဘဲ၊ မငြိမ်းကလည်း အသက်ငယ်ငယ်လေးနဲ့ မင်းသမီး အဆိုတော်ဖြစ်ခဲ့သူပါ… အကယ်ဒမီဆုပါ ရလိုက်သေးတာ.. ကိုယ်တိုင်ကလည်း
အသံလုံးကြီးသူမို့ အပျော်တမ်းတေးသံရှင် ဘဝမှာတုန်းက မငြိမ်းသီချင်းနဲ့ မပုလဲ ”မနော်လီဇာ” တို့ရဲ့ သီချင်းတွေကိုဘဲ တရှိုတ်မက်မက် သီဆိုခဲ့ရတာမျိုးပါ… ဒီထက်မအိုကြသေးခင် ကိုယ်ချစ်ရတဲ့ အမနဲ့ သီချင်းသစ်လေး တပုဒ်လောက်
တွဲဆိုချင်ပါသေးတယ်နော်… ကျွန်တော့်အတွက်တော့ ဒီအမတွေ အကိုတွေက အသက်ကြီးလေ တန်ဘိုးကြီးလေပါဗျာ…” ဆိုပြီးတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသား ဖော်ပြထားပါတယ်နော်။
Be the first to comment