မထင်မှတ်ပဲ ဖတ်နမ်းလိုက်တဲ့ ကောင်းမြတ်စံကြောင့် ရှက်သွေးဖြာခဲ့ရကြောင်း ပြောလာတဲ့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေ

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ဆောင်းဝတ် ရည်မေကတော့ “၁၀၁ ရာခိုင်နှုန်း” ဇာတ်ကားမှာကောင်းမြတ်စံ နဲ့အတူ အတွဲညီညီ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

လိုက်ဖက်ညီလွန်းတဲ့ သူတို့အတွဲလေးကို အားလုံးက သဘောတူနေကြပေမယ့် ဆောင်းဝတ်ရည်နဲ့ ကောင်းမြတ်စံတို့ကတော့ မောင်နှမတွေလို ချစ်ခင်သူတွေပဲ ဖြစ်ကြပါတယ်။

“ဇာတ်ဝင်ခန်းတစ်ခုမှာ ကောင်းမြတ်စံက မထင်မှတ်ဘဲအားရပါးရ ဖတ်နမ်းလိုက်တာကြောင့် ရှက်သွေးဖြာခဲ့ရပြီး အမြဲ မောင်နှမလို ပေါင်းတဲ့သူ့ကို စိတ်မဆိုးရက်ပေမယ့်

တစ်ခြားသူဆို စိတ်ဆိုးမိမယ်…” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။