ချစ်ရသော ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ဝေလာရီကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွေမှာပါဝင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ အချစ်တော် မင်းသမီးလေးပဲ ဖြစ်ပါတယ်နော်။
ဝေလာရီဟာ သူမကို ချစ်ပေးကြတဲ့ ပရိသတ်တွေနဲ့လည်း ချစ်ခင်ရင်းနှီး ဖော်ရွေစွာနဲ့ ဆက်ဆံတတ်တဲ့သူတစ်ယောက် ဖြစ်ပြီး စကားပြော ပွင့်လင်းရိုးရှင်းကာ ဟန်ဆောင်မှု ကင်းမဲ့သူလေး တစ်ဦးလည်း ဖြစ်ပါတယ်။
သူမဟာ ရုပ်ရည်လေးသာ ချစ်စရာကောင်းတာ မဟုတ်ဘဲ ပီပြင်သော သရုပ်ဆောင်ချက်တွေနဲ့ ကျရာဇာတ်ကောင်တွေတိုင်းမှာ အကောင်းဆုံး ပုံဖော်သရုပ်ဆောင် ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်ကြီးတွေရဲ့အားပေးမှုကို
အခိုင်အမာ အပြည့်အဝ ရရှိလာခဲ့သူလေး တစ်ဦး ဖြစ်ပါတယ်နော်။ အခုတစ်ခါမှာ ဆိုရင်တော့ သရုပ်ဆောင် ဝေလာရီက မင်းသမီးဖြစ်ပြီးရုပ်မချောလို့ ဆိုကာ ဝေဖန်ခံနေရကြောင်း ဝမ်းနည်းစွာ ရင်ဖွင့် ပြောပြလာခဲ့ပါတယ်နော်။
သရုပ်ဆောင် ဝေလာရီက “ဘဝမှာ မင်းသမီး နေရာကနေ သရုပ်ဆောင်ခွင့် ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး… အလုပ်တွေ အများကြီး လုပ်ရပြီး ဝင်ငွေတွေ ရှာနိုင်လိမ့်မယ် လို့လည်း မထင်ထားဘူး…
မင်းသမီးဖြစ်ပြီး ရုပ်လည်းမချော၊ ခန္ဓာကိုယ်လည်း မလှတော့ အရမ်း ဝေဖန်ခံခဲ့ရတယ်… မျက်လုံး စောင်းနေတယ်၊ ခါးတုတ်တယ်လို့ အမျိုးမျိုး Shaming လုပ်ကြတော့ စိတ်ထိခိုက်ခဲ့ရတယ်..” ဆိုပြီး
စိတ်မကောင်းစွာ ရင်ဖွင့် ပြောပြလာတာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးရေ လူတစ်ကိုယ် အလှတစ်မျိုးမို့ ဝေဖန်သူတွေ ဘယ်လိုပြောပြော ချစ်ကြသူတွေရဲ့ မျက်စိထဲမှာတော့ လှနေကြမှာ အမှန်ပဲမို့
ပရိတ်သတ်ကြီးတို့ထဲမှာ မင်းသမီးလေး ဝေလာရီကို ချစ်ခင်အားပေးကြသူတွေ ပါဝင်ခဲ့မယ်ဆိုရင် ဝေလာရီလေးအတွက် အားပေးစကားလေးတွေ ပြောကြားပေးခဲ့ပါအုံးနော်။