ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ပုလဲဝင်းဆိုရင် မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချစ်စရာ အမူအရာတွေ ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်နော်။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ
သရုပ်ဆောင် နိုင်တဲ့ ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။ အခုတစ်ခါမှာ ဆိုရင်တော့သရုပ်ဆောင် ပုလဲဝင်းက အနုပညာအလုပ်တွေ ရပ်နားရတဲ့ အဓိက
အကြောင်းအရင်းကို အခုလို ဖွင့်ချလာခဲ့ပါတယ်နော်။ သရုပ်ဆောင် ပုလဲဝင်းက “မျက်စိကျန်းမာရေးကြောင့်ပါ… ပုလဲက မျက်ကပ်မှန် တပ်ရတာလေ… ပါဝါလည်း များတယ်…
မျက်မှန်က ပါဝါ (၁၀၀၀) ကျော်တယ်… မျက်ကပ်မှန်နဲ့လည်း နေပူထဲတို့၊ ငိုတယ်တို့ ဆိုရင် (၃) ရက်လောက် မျက်ကြောတွေ ညိုရောင်ပြီး ခေါင်းတွေ ကိုက်လာတယ်… အာရုံကြော ထိခိုက်တာ
ပေါ့နော်… ပြီးတော့ မျက်သားခြောက်တယ်… အဲဒီတော့ ဆရာ၀န်က နားခိုင်းတာ… အဲဒါနဲ့ပဲ နားဖြစ်သွားတာပေါ့နော်…” ဆိုပြီးတော့ အနုပညာအလုပ်တွေ ရပ်နားရတဲ့ အဓိအကြောင်းအရင်းကို ပြောပြလာခဲ့ပါတယ်နော်။
Be the first to comment