ဘုန်းဘုန်းဦးသုဇန အောင်ချမ်းသာကျောင်းတိုက်က မိဘမဲ့ကလေးများအတွက် အာဟာရဒါန အလှူငွေ သွားရောက်လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

ဒီနေ့မှာတော့ မော်ဒယ် သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံက သူ့ရဲ့အလှူလေးကို အများ သာဓုခေါ်ရအောင် တင်ပေးလာပါတယ်နော်။

“ဆောင်းယွန်းရဲ့အလှုလေးပါ 🙏🙏🙏 အမျှပေးပါတယ်🙏🙏🙏 သာဓုခေါ်ဆိုနိုင်ပါစေ🙏🙏🙏 ဘုန်းဘုန်း ဦးသုဇန (အောင်ချမ်းသာကျောင်းတိုက်)..” ဆိုပြီး သူမရဲ့ fb စာမျက်နှာမှာ တင်လာခဲ့ပါတယ်နော်။

ဘုန်းဘုန်းကလည်း လာရောက် လှူဒါန်းခဲ့တဲ့ မော်ဒယ် သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံကို အခုလိုပဲ ဆုတောင်းပေးခဲ့ပါတယ်။

“ရုပ်ရှင် နဲ့ ဗွီဒီယို ကြော်ငြာသရုပ်ဆောင် မင်းသမီး ဖြစ်တဲ့ ဒကာမလေးမ Saung Yoon San (ဆောင်းယွန်းစံ) မှ (၂၂. ၉. ၂၀၂၂) နေ့အတွက် ဘုန်းဘုန်းတို့ကျောင်းက

မိဘမဲ့ကလေးများအတွက် အာဟာရဒါန အလှူငွေ (၂၀၀၀၀၀) တိိတိလှူဒါန်းပါတယ်ကွယ်… နတ်လူသာဓုခေါ်စေသော်… ခုလိုလှုဒါန်းတဲ့အတွက်  ဒကာမလေးမဆောင်းယွန်းစံနဲ့

ဒကာမလေးမိသားစုတို့သည် သက်ရှည်ကျန်းမာပြီး အနာတရတွေ ကင်းဝေးကာ လိုအင်ဟူသမျှ ပြည့်စုံကြပါစေကွယ်… ရုပ်ရှင် အနုပညာ ကြော်ငြာ အလုပ်အကိုင်တွေလည်း

ဒီထက်မက ကောင်းမွန်ပြီး နောက်နောင်လည်း များမြောင်စွာ လှူဒါန်းနိုင်ပါစေကွယ် သာဓု သာဓု သာဓု…” ဆိုပြီး ဆုတောင်းပေးခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*