“ဘဝသစ် နေရာသစ်မှာ ပျော်နေပါစေ” လို့ မရှိတော့တဲ့ သွားလေသူ မွေးနေ့ရှင် ခင်ပွန်းအတွက် ဆုတောင်းပေးလာတဲ့ နန်းမြတ်ဖြိုးသင်း…

ဆရာဝန်မလေးတစ်ယောက် ဖြစ်ပေမယ့် သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းကတော့ သူမဝါသနာပါတဲ့ အနုပညာလမ်းကြောင်းပေါ်ကိုပဲ တစိုက်မတ်မတ် လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းဟာ အသက်ငယ်ငယ်နဲ့ မုဆိုးမတစ်ယောက်ဖြစ်လာခဲ့ပြီး သားနဲ့သမီးအတွက် တာဝန်တွေကို မလစ်ဟင်းရအောင် ကြိုးစားရသလို တစ်ဖက်မှာလည်း မိသားစုရဲ့အိမ်ထောင်ဦးစီးအဖြစ်နဲ့ အလုပ်တွေကို

ကြိုးစားလုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်။ အောက်တိုဘာလ (၁၉) ရက် နေ့ကတော့ နန်းမြတ်ဖြိုးသင်းရဲ့ သွားလေသူခင်ပွန်း ကိုတာတာမျိုးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက “Happy birthday ယောက်ျား..

လူကိုယ်တိုင်တော့ ပြောခွင့်မရှိတော့ဘူး။ ဒီလို ရက်တွေဆို အမြဲအပြင်ထွက် အတူတူသွားစားနေကျ… ခုတော့ တစ်ယောက်တည်း ဘယ်သွားလို့ ဘာလုပ်ရမှန်း မသိတော့ဘူး… ရောက်တဲ့နေရာမှာ ပျော်ပျော်နေတတ်တဲ့

my husband… နေရာသစ် ဘဝသစ်မှာလဲ ပျော်နေပါစေ..” ဆိုပြီး မွေးနေ့ရှင်မရှိတော့တဲ့ နေ့လေးအတွက် အမှတ်တရ မွေးနေ့ဆုတောင်းပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ အရင်က သူမတို့မိသားစုရဲ့

အရေးကြီးတဲ့ အထိမ်းအမှတ်နေ့မှာ အပြင်ထွက်ပြီး စားသောက်လည်ပတ်လေ့ရှိသလို ယခုနှစ်မှာတော့ တစ်ယောက်တည်း သွားစရာ လာစရာမရှိတော့ဘူးလို့ စိတ်မကောင်းစွာရင်ဖွင့်လာခဲ့တာပဲ ဖြစ်ပါတယ်။