ဖေဖေထူးအိမ်သင် နောက်ဆုံးထားခဲ့တဲ့ အမွေအနှစ်လေးတစ်ခုကို ယနေ့ အချိန်ထိ အမြတ်တနိုးနဲ့ အသုံးပြုနေသေးတဲ့ သမီးလေး မိကွန်ထော

ဂီတအနုပညာရှင်ကြီး တစ်ယောက်ဖြစ်တဲ့ တေးရေးတေးဆို ထူးအိမ်သင်ကတော့ လူကတော့ ကွယ်လွန်သွားခဲ့ပြီ ဆိုပေမယ့် သူ့ရဲ့တေးသီချင်းတွေကတော့ ဒီနေ့ဒီအချိန်ထိ ပရိတ်သတ်တွေ ရင်ထဲအသည်းထဲ စွဲကျန်ရစ်နေဆဲပဲ ဖြစ်ပါတယ်။

ထူးအိမ်သင်ဟာ အောင်မြင်မှုတွေ ရရှိနေဆဲ အချိန်မှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ကွယ်လွန်သွားတဲ့အချိန်မှာ သမီးလေးတစ်ယောက် ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ထူးအိမ်သင်ရဲ့ သမီးလေး မိကွန်ထောကလည်း

တိုင်းရင်းသူ လေးတစ်ယောက် ပီပီ အရမ်းကို ချစ်စရာကောင်းလွန်းတာကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုကို ရရှိနေဆဲဖြစ်တဲ့ မိကွန်ထောဟာ ဒီကနေ့မှာတော့

ပရိတ်သတ်တွေအတွက် သူမရဲ့ဓာတ်ပုံတစ်ခုကို မျှဝေပေးလာခဲ့ပါတယ်။ မိကွန်ထောက သူမရဲ့ဖေဖေ ထူးအိမ်သင်ရဲ့ ဆွယ်တာကို အမြတ်တနိုးသိမ်းဆည်းထားပြီး သူမရဲ့ လက်ရှိအသက်အရွယ်မှာ တန်ဖိုးထားပြီး

ဝတ်ဆင်နေလျက်ရှိကြောင်းကို ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။ မိကွန်ထောကတော့ အရမ်းချစ်စရာကောင်းတာ ဖြစ်ပြီး တစ်နေ့တစ်ခြား ပန်းလေးတစ်ပွင့်လို လန်းဆန်းနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဖေဖေ ထူးအိမ်သင်သာ

အသက်ရှင်လျက် ရှိနေခဲ့မယ် ဆိုရင်လည်း သမီးလေး မိကွန်ထောကို တုန်နေအောင် ချစ်ရှာမယ်ဆိုတာ သေချာပါတယ်နော်။