ပရိတ်သတ်ကြီးရေ ဆုထက်လှိုင်ကတော့ ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးသလို သီချင်းတွေလဲ သီဆိုတဲ့ ဘက်စုံတော်တဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။ သူမကတော့
“ဒေါင်ယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ အောင်မြင်မှု အများဆုံး ရရှိထားသူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ သူမရဲ့ ဖူးစာဖက်အကြောင်းကို
“V day ကတော့ မိသားစု သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းဖြစ်တာပဲ များပါတယ်… ဖူးစာဖက်ကလည်း အရမ်းကြီးရွေးနေရအောင် ဆုထက်က ဘာကြီးမှလည်း ဟုတ်မနေဘူးလေနော်…
ကိုယ့်မိသားစုနဲ့ ကိုယ်နဲ့ အားလုံးနဲ့ သဟဇာတဖြစ်ပြီး ချစ်ပေးနိုင်တဲ့သူ တွေ့လာခဲ့ရင် ချပြသွားမှာပါ…. ဘယ်ချိန်ဘယ်ခါ အိမ်ထောင်ကျမယ် လို့တော့ မရှိပါဘူး… ဖူးစာပါရင် ကံစပ်ရင်တော့ တွေ့လာမှာပါ…” ဆိုပြီးတော့ ပြောလာပါတယ်နော်။
Be the first to comment