ဖိုက်တင်ထိုးတဲ့ အခန်းတွေမှာ မင်းသားတွေကို ထိအောင်ထိုးမိရင် အပယ်ခံရမှာပေါ့ လို့ ရင်ဖွင့်လာတဲ့ လူကြမ်း သရုပ်ဆောင်ကြီး ဂျစ်သား

ပရိတ်သတ်ကြီးရေ အခြေအနေတွေကြောင့် အနုပညာရှင်တွေ အားလုံးဟာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေပြီး အချို့အနုပညာရှင်တွေဆိုရင် ကင်မရာရှေ့က ပျောက်ကွယ်နေပြီး အနုပညာကို ရပ်နားထားတဲ့အထိ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အနုပညာအလုပ်နဲ့ပဲ အသက်မွေးတတ်ပြီး ငွေကြေးမချမ်းသာတဲ့

ဇာတ်ပို့၊ ဇာတ်ရန် အနုပညာရှင်တွေအားလုံး ဒုက္ခရောက်ကြရပါတယ်။ အခုဆိုရင်တော့ နှုတ်ခမ်းမွှေးထူထူ နဲ့ လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျစ်သားကြီးကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။ လက်ရှိကာလမှာ သူကတော့ တစ်လမှာ တစ်ခါနှစ်ခါလောက် ဇာတ်ကားရိုက်ကူးမူ့လေးတွေမှာ

ပါဝင်ပြီး မိသားစုစားဝတ်နေရေးကို ခက်ခဲစွာ ဖြေရှင်းနေရပါတယ်။ လူကြမ်းသရုပ်ဆောင် ဂျစ်သားဟာဇာတ်ကားတွေ ပေါပေါများများရိုက်ကူးခဲ့ရတဲ့ အချိန်မှာတောင် အနုပညာမှရတဲ့ ငွေကြေးနဲ့ အိမ်ရဲ့မိသားစုရဲ့ အိမ်စရိတ်မလောက်ခဲ့ဘဲ အခုလို အနုပညာလုပ်ငန်းတွေ ရပ်နားထားတဲ့အချိန်မှာ ဆိုရင် အရမ်းကိုခက်ခဲနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လဲ ချေးဌားသုံးနေရပြီး အဆင်ပြေတဲ့အချိန် ပြန်ဆပ်လိုက်နဲ့ ဒီလိုပုံစံနဲ့ လည်ပတ်နေရတာပါ။ အသက်ပိုင်းကလဲ ကြီးရင့်လာတာကြောင့် အရင်လိုတော့ ဖိုက်တင်းတွေ မထိုးနိုင်တော့ပါဖူး။ ဖိုက်တင်ထိုးတဲ့နေရာမှာ မင်းသားတစ်လက်ကို ထိအောင်သွားထိုးလို့မရဘူး ထိသွားရင် အပယ်ခံရမှာပေါ့ လို့

ရင်ဖွင့်ထားပါတယ်။ “လူကြမ်းတွေဘဝမှာ မင်းသားတွေကို ထိတယ်ဆိုတာ တော်တော်ရှားပါတယ်.. ကိုလူချောတွေက မင်းသားတွေကို ဘယ်တော့မှမထိဘူး… ထိလဲ ထိခဲတယ်… ဒါပေမယ့် လူကြမ်းတွေကို ထိရင်တော့ ဆောတီးတစ်လုံးနဲ့ပဲ ပြီးသွားကြတယ်…” လို့ ဆိုပါတယ်။ ရုပ်ရှင်တစ်ကား ဖြစ်မြောက်ဖို့အတွက်

လူကြမ်းတွေ၊ စက်အဖွဲ့တွေရယ်၊ ကင်မရာမန်းတွေ အားလုံးက နောက်ကွယ်ကနေ အရမ်းကြိုးစားခဲ့တာပါ။ ပရိတ်သတ်တွေက ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကိုပဲ ချစ်ကြတယ်။ ဒါပေမယ့် လူကြမ်းတွေမှာလဲ နူးညံ့တဲ့အသည်းနှလုံးရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့ကိုလဲ ချစ်ပေးကြပါအုန်း လို့ တောင်းဆိုသွားခဲ့ပါသေးတယ်နော်။