သရုပ်ဆောင် မိုးဟေကိုရဲ့ ချစ်လှစွာသော ဖခင်ကြီး ဦးကျော်မင်းရဲ့ နောက်ဆုံးခရီးကို နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ရေဝေးသုသာန်တွင် သဂြိုလ်ခဲ့ပြီးနောက် အရိုးပြာကို
ရန်ကုန်မြစ်ထဲတွင် မျှောလိုက်ကြောင်းကို မိုးဟေကိုက သူမရဲ့ လှုမှုကွန်ယက်စာမျက်နှာတွင် သူမ၏ ချစ်သောပရိတ်သတ်များကို ယခုလို ဖော်ပြရေးသားထားပါသည်။
“ချစ်သော ပရိသတ်ကြီးရှင့်…
ဒီနေ့တော့ မိုးရဲ့ ဘဝမှာ အရေးကြီးဆုံးလူသားတစ်ယောက် ဖြစ်တဲ့ ဖေဖေ့ကို နောက်ဆုံးနှုတ်ဆက် ပို့ဆောင်ဖြစ်ခဲ့ပါတယ်။ မိုးအနေနဲ့ ဖေဖေ့ကို တတ်နိုင်သမျှ ပြုစုစောင့်ရှောက်
ပေးခွင့်ရခဲ့လို့ အခုလို ကြိုးစားပြီး စိတ်ဖြေသိမ့်လို့ ရတယ်လို့ ထင်ပါတယ်ရှင်။ ဒီနေ့တော့ မိုး ဖေဖေ့အရိုးပြာကို ရန်ကုန်မြစ်ထဲ မျှောပြီး နောက်ဆုံးနှုတ်ဆက်တဲ့ အထိမ်းအမှတ်အနေနဲ့
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ မိုးကို ဖေဖေ့နောက်ဆုံးအချိန်တစ်လျှောက်လုံး အားပေးကူညီပေးခဲ့တဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒီကနေပဲ ပြောချင်ပါတယ်ရှင်။
တစ်ယောက်ချင်းစီကို မိုး စာမပြန်ခဲ့မိရင်လည်း နားလည်ပေးပါလို့ ပြောကြားပါရစေနော်။
ချစ်တဲ့ မိုး….”