ကျွန်တော် ဒီနေ့ တအားဝမ်းသာရပါတယ်။ ဘာလို့လဲ ကျနော့်ဆရာမ ဝင်းမင်းသန်း ထောင်ကလွတ်လာပြီ တဲ့။ လိုင်းဖွင့်ကြည့်တော့ သတင်းမှာတွေ့လိုက်ရတယ်။ ကျနော် သူ့ကိုမမေ့ဘူး။ ကျနော်ကို နေတတ်ထိုင်တတ်ဘို့
ပညာတွေ အများကြီး ကျနော့်မိသားစုပေါ် သွန်သင်ခဲ့ပေးတယ်။ (၂၀၀၆) ကျနော် ကနေဒါနိုင်ငံကို ရောက်တော့ တိုရန်တိုမြိုမှာ ပထမဆုံး အင်္ဂလိပ် စကားပြောနဲ့ အင်္ဂလိပ်စာ သင်ပေးခဲ့တဲ့ဆရာမပါ။
သူ ကျနော်ကို တအားခင်တယ်။ ကျနော် မိသားစုနဲ့အတူ ခရီးတွေ လိုက်ပြ သွားခဲ့တယ်။ တစ်နေ့ သူ မြန်မာပြည်ကို ကျောင်းပြီးလို့ ပြန်သွားတယ်။ ကျနော် ဖုန်းနဲ့ ဆက်သွယ်ခဲ့တယ်။ လိုင်းခေတ် ရောက်တော့လဲ
ဆရာမနဲ့ ကျနော် စကားပြောပစ်တယ်။ နောက်ပျောက်သွားတယ်။ (၂၀၁၉) ကျနော်မြန်မာပြည်ပြန်တော့ ဆရာမနဲ့ မတွေ့ခဲ့ရဘူး။ (၂၀၂၁) အဖမ်းခံရတယ်။ ကျနော် စိတ်မကောင်းဖြစ်မိတယ်။ ထောင်ကျတယ် ကြားတယ်။
ဆရာမ သက်ရှည်ကျန်းမာပါစေ။ ခေတ်ကြီး ပြန်ကောင်းလာလို့ ကျနော် မသေသေးရင် ဆရာမကိုကျနော် ပြန်လာတွေ့ပါအုံးမယ်။ ကျနော် အခု လူလိမ်မာလေး မဟုတ်တောင်
ယဉ်ကျေးအောင်တော့ ကျတော် နေထိုင်နေပါတယ်။ မြန်မာပြည်ကြီး အရင်လိုဘဲ ပြန်ကောင်းပါစေ ကျနော် ဆုတောင်းတယ်။ ဆရာမသိပါစေ။