ပြင်ဦးလွင်ရောက်တုန်း အဆိုတော် သားငယ်ရဲ့ ပဲကပ်ကြော်ဆိုင်လေးကို ဝင်ရောက်အားပေးခဲ့တဲ့ အဆိုတော်ကြီး စိုးပိုင်

အဆိုတော်ကြီး စိုးပိုင်လို့ ဆိုလိုက်တာနဲ့ ဂီတအနုပညာလောကမှာ ပရိတ်သတ်တွေ အကြိုက်ဆုံး တေးသံရှင်ကြီးကို မြင်ယောင်မိကြမှာပါ။ စိုးပိုင်ဟာ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ သီချင်းကောင်းများစွာကို သီဆိုခဲ့ပြီး

လက်ရှိအချိန်မှာတော့ အသက်အရွယ်တစ်ခုကြောင့် သီချင်းတွေကို အရင်လောက် မသီဆိုတော့တာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း စိုးပိုင်ဟာ သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေနဲ့ ထိတွေ့မှုရှိစေဖို့အတွက် သူ့ရဲ့ သားသမီးတွေ

အကူအညီနဲ့ ဖေ့စ်ဘုတ်အကောင့်ဖွင့်လှစ်ထားပြီး သူ့ရဲ့လှုပ်ရှားမှုတွေကို မျှဝေပေးနေလျက်ရှိပါတယ်။ ဒီတစ်ခေါက်မှာလည်း အဆိုတော်ကြီး စိုးပိုင်က ပြင်ဦးလွင်ရောက်ခိုက် Myanmar Idol အဆိုတော် သားငယ်ရဲ့ ပဲကပ်ကြော်ဆိုင်လေးကို

ဝင်ရောက်အားပေးခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ စိုးပိုင်က “ဒီကနေ့ ကိစ္စလေးနဲ့ မေမြို့တက်ပြီး အပြန် သားလေး သားငယ်ဆိုင်မှာ ဝင်အားပေးရင်း သားလေးကလည်း မုန့်တွေလက်ဆောင်

ပြန်ပေးလိုက်ပါတယ်… ကျွန်တော်က ဒီမုန့်ကြိုက်တယ်ဗျ…. (သမီး ဒူးပြဲသွားလို့ အထဲကနေရိုက်ပေးတဲ့ပုံလေးတွေပါ) ဆိုပြီး အမှတ်တရ လေးတွေကို မျှဝေပေးလာပါတယ်နော်။