ပြင်ဦးလွင်က လူသတ်မှု့အကြောင်း မိတ်ဆွေတစ်ယောက်က ပြောပြလာပါတယ်။ ကြက်ခြံပိုင်ရှင် တရုတ်ရယ်၊ အမျိုးသမီးရယ်၊ သမီးလေးရယ် (၃) ယောက်ရှိတယ်။
အဝေးက လာလည်တဲ့ ယောက်ဖရယ်၊ သမီးလေးရယ်ကတော့ ကံဆိုးတာပဲ ပြောရမယ်။ (၅) ယောက်လုံး အသတ်ခံလိုက်ရတာပါ။
သမီးလေး တစ်ယောက်က ဆေးရုံရောက်မှ ဆုံးပါတယ်။ ညကတည်းက သတ်လား မနက်မလင်းခင် သတ်လားမသိ။
ဆေးရုံရောက်မှ သေတဲ့ သမီးလေးက အကြာကြီး ခံစားနေရပြီးမှ သေတာထင်တယ်။ သနားစရာပါ။ သတ်တဲ့လူက
ခြံမှာ အလုပ်လာလုပ်တဲ့ လင်မယားနှစ်ယောက်ပါ။ ငွေလိုချင်လို့ သတ်တာပါတဲ့။ တနေ့ဆီကပဲ ခြံရောင်းထားတဲ့
သိန်း (၂၅၀) ကို လိုချင်တာလဲ ပါတယ်တဲ့။ ကိုယ့်အလုပ်သမားကို လျှော့မတွက်ကြပါနဲ့။ ကြောက်စရာ ကောင်းလွန်းလို့ပါ။
ပြင်ဦးလွင်မြို့ လူသတ်မှု့ နောက်ဆက်တွဲလေးပါ။ တရားခံ မိတယ် လို့လည်း ကြားပါတယ်။
Be the first to comment