အရှင်ဦးသြဘာသဘိက္ခု မထေရ်မြတ်သည် ခန္ဓာ့ဝန် ချခဲ့ပြီးသည့် နေ့မှစ၍ ဆေးမထိုး၊ အအေးခန်းမထားပဲ ပကတိအတိုင်း သီတင်းသုံးလျှက်ရှိရာ
ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်သည် ရက်ပေါင်း ကိုးဆယ်စွန်းစွန်းတိုင် ကြာမြှင့်ခဲ့ပြီ ဖြစ်ပါသည်။
ဦးခေါင်းတော်မှ ဆံပင်များ ပို၍ရှည်လာခြင်း၊ ခြေ၊ လက်တော်တို့မှ ခြေသဲ၊ လက်သဲများ ရှည်ထွက်လာခြင်း၊
အသားတော်တို့မှာ ဖန်ရောင်ကဲ့သို့ ဖူးမျှော်ရခြင်း၊ မပုတ်မသိုး၊ အနံ့မထွက်ပါပဲ ပကတိ မူလအတိုင်း ခန္ဓာကိုယ်တော်သည် တည်ရှိနေခြင်း
စသည့် ထူးခြားသောဖြစ်စဉ်များ ဖူးမျှော်ကြရကြောင်းသိရသည်။ လာမည့် (၂၄.၁၀.၂၀၂၁) နေ့ (၂ ) နာရီအချိန်တွင်
လှည်းကူးမြို့နယ်၊ ဓမ္မဂုဏ်ရည်ကျောင်းတိုက်၌ အန္တိမအဂ္ဂိစျာပန မီးပူဇော်ပွဲကျင်းပမည် ဖြစ်ကြောင်း သိရသည်။
Be the first to comment