ပုပ်ပါးမှာ ဇာတ်ကားရိုက်တုန်းက သရဲ အခြောက်ခံရဖူးတဲ့အကြောင်း ပြောလာတဲ့ ဒါရိုက်တာ ညိုမင်းလွင်

ဒါရိုက်တာ ညိုမင်းလွင်ကတော့ အမိုက်စား ရုပ်ရှင်ရိုက်ကွက်တွေနဲ့အတူ အကောင်းဆုံးသော ရုပ်ရှင်ဇာတ်ကားများကို ဖျော်ဖြေတင်ဆက် ပြသနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်တွေရဲ့

အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာ ဆိုရင် ဒါရိုက်တာ ညိုမင်းလွင်က ပုပ်ပါးမှာ ကားရိုက်တုန်းက ကိုယ်တိုင် သရဲ အခြောက်ခံရဖူးတဲ့ အကြောင်းကို

အခုလို ပြောလာခဲ့ပါတယ်နော်။ ဒါရိုက်တာ ညိုမင်းလွင်က “ကျွန်တော်ကိုယ်တိုင်လည်း သရဲကြောက်တက်ပါတယ်… သရဲကြောက်တက်တဲ့သူမှ သရဲကား ရိုက်လို့ရတာဗျ…

သရဲမကြောက်တက်တဲ့ သူက သရဲကားရိုက်လို့မရဘူး.. သရဲကြောက်တက်တော့မှ ကိုယ်ကိုယ်တိုင် ဘယ်လိုအခြေအနေမျိုးမှာ ကြောက်တက်လဲဆိုတာ သိတာလေ.. ကျွန်တော်က ကိုယ်တိုင်လည်း

ကြောက်တက်တယ်… သူများကို ခြောက်လှန့်ရတာလည်းဝါသနာပါတယ်.. ပုပ်ပါးမှာ ကားရိုက်တုန်းက ကိုယ်တိုင် သရဲအခြောက်ခံရဖူးတယ်….” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။