ပိုင်တံခွန်ရဲ့ အကောင့်ကို လုံးဝပိတ်ပစ်လိုက်ပြီ လို့ ပရိတ်သတ်ကြီးကို အသိပေးလာတဲ့ အစ်မဖြစ်သူ မေချစ်သွေး

ပရိတ်သတ်ကြီးရေ​ မေချစ်သွေးကတော့ နိုင်ငံကျော် ပြည်သူချစ်အနုပညာရှင် ပိုင်တံခွန်ရဲ့ အစ်မအရင်းပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာရပ်ဝန်းက တော်တော်များများက

အားကိုးရတဲ့ ဓာတ်ပုံပညာရှင် ကင်မရာမန်းတစ်ယောက် ဖြစ်ပြီး ပိုင်တံခွန်ရဲ့ ပရိတ်သတ်ကြိုက် အလှပုံရိပ် တော်တော်များများကို မေချစ်သွေးကိုယ်တိုင် ရိုက်ကူးပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

မေချစ်သွေးကတော့ ပိုင်တံခွန်ရဲ့ ရှူတင်ပွဲတက်အကုန်လုံးကို လိုက်လံပါဝင်လျက် ရှိသူပါ။ ပိုင်တံခွန်ရဲ့ ကိစ္စအဝဝကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိတဲ့ မေချစ်သွေးကတော့

ဒီနေ့မှာလည်း ပိုင်တံခွန်ရဲ့ အကောင့်နဲ့ပတ်သက်ပြီး သတင်းထူးတစ်ခုကို သူမရဲ့အကောင့်ကနေ ပြောပြလာခဲ့တာပါ။ ”❗️Paing Takhon Acc ကို လုံးဝပိတ်ပစ်လိုက်ပါပြီဗျ။❗️

ရှေ့လျှောက် Paing Takhon ဒီ page နဲ့ IG Acc ကိုပဲ သုံးပါတော့မယ်ဗျ…”ဆိုတဲ့ စာလေးနဲ့ လက်ရှိ ပိုင်တံခွန် အသုံးပြုမယ့် ဆိုရှယ်မီဒီယာအကောင့်နဲ့ Page ကို ချပြလာခဲ့တာပါ။

ပရိတ်သတ်တွေလည်း ပြည်သူ့အချစ်တော် မင်းသား ပိုင်တံခွန်ရဲ့ လှုပ်ရှားမှုတွေကို သိဖို့အတွက် လက်ရှိအသုံးပြုနေတဲ့ page နဲ့ အကောင့်တွေကို သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်နော်။