ပရိတ်သတ်တွေ သူ့အား ဆုချထားတဲ့ တန်ဖိုးထားရတဲ့ ရတနာပစ္စည်းတွေကို ရောင်းပြီး မီးဘေးသင့် သဘင်သည်တွေကို လှူဒါန်းမယ် လို့ ပြောလာတဲ့ ဇာတ်မင်းသားကြီး ဖိုးချစ်

ဇာတ်မင်းသားကြီး ဖိုးချစ်ကတော့ အမိုက်စားကကွက်တွေနဲ့အတူ ဖျော်ဖြေပွဲတွေမှာ အကောင်းဆုံး တင်ဆက်နိုင်ခဲ့တဲ့အတွက်ကြောင့်

ပရိတ်သတ်များရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာဆိုရင် ဇာတ်မင်းသားကြီးဖိုးချစ်က

စုဆောင်းထားတဲ့ စိန်ရွှေရတနာတွေကို ရောင်းပြီး မီးဘေးသင့် သဘင်သည်တွေကို လှူဒါန်းမယ်လို့ အခုလို ပြောလာခဲ့ပါတယ်နော်။

ဇာတ်မင်းသားဖိုးချစ်က “မွန်ပြည်နယ်မှာ မီးလောင်သွားတဲ့ သဘင်သည် မိသားစုအတွက် ပရိတ်သတ် ကျနော့်ကို

ဆုချထားတဲ့ ရတနာ ပစ္စည်းတွေ ရောင်းပြီး အိမ် ပြန်ဆောက်ပေးသွားမှာပါ.. စိန် သဇင်ခက်တွေ၊ ကြယ်သီးတွေ၊ လက်စွပ်၊ ဟန်းချိန်းတွေ

ပါပါတယ်.. တန်ဖိုးထားရတဲ့ ရတနာပစ္စည်းတွေကို တန်ဖိုးထားရတဲ့ သဘင်သည်တွေအတွက် လှူဖြစ်တာပါ… ကျနော့် အတွက်

ကုသိုလ် နဲ့ စိတ်ချမ်းသာမှုတွေ ပြန်ရခဲ့တယ်..” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*