ပရိတ်သတ်တွေ မကြိုက်မှန်း သိပေမယ့် စိတ်သက်သာရာရအောင် ဆံပင်တိုတိုညှပ်ပြီး တက်တူးထိုးပစ်လိုက်တဲ့ ပဲခူးသူလေး

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ခင်ရတနာစိုးကတော့ အဆိုတော် နီနီခင်ဇော်ရဲ့ Team NiNi ကနေ ပါဝင်ယှဉ်ပြိုင်ရင်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ခင်ရတနာစိုးဟာ ပြီးခဲ့တဲ့လပိုင်းကတော့ သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေကို ပွင့်ပွင့်လင်းလင်းချပြခဲ့ကာ (၂၀၁၈) ခုနှစ်ကတည်းက ခင်ပွန်းဖြစ်သူဆီကနေ

နှိပ်စက်ခံခဲ့ရတယ်လို့ ရင်ဖွင့်လာခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ခင်ရတနာစိုးက သူမရဲ့ခင်ပွန်းနဲ့လည်း အတူမနေတော့သလို တရားဝင်ကွာရှင်းပြတ်ဆဲဖို့ကိုလည်း စီစဉ်နေပြီပဲ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခတွေနဲ့ ကြုံခဲ့ရပြီး တိုင်းသိပြည်သိရင်ဖွင့်ခဲ့တဲ့ ခင်ရတနာစိုးဟာ သူမကိုယ်သူမလည်း စိတ်သက်သာအောင် အများကြီးပြောင်းလဲခဲ့ပါတယ်။

ခင်ရတနာစိုးဟာ သူမရဲ့ ဆံပင်ရှည်ကြီးကို ယောကျာ်းဆံပင်တိုလေး နီးပါး ဖြတ်တောက်ပစ်ခဲ့ပြီး သူမရဲ့ခြေထောက်မှာလည်း တက်တူးအသစ်တစ်ခုကို ထိုးခဲ့ပါတယ်။

ခင်ရတနာစိုးကတော့ “ဆံပင်တို ညှပ်လိုက်တဲ့အတွက် ပရိတ်သတ်တွေ မကြိုက်ဘူးဆိုတာ သိပေမယ့် မြန်မာသီချင်းတွေ သီဆိုရင်တော့ ပရိသတ်အကြိုက်

ဆံပင်တုဝတ်ပြီး ဆိုပါ့မယ်..” လို့ ကတိပေးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်သာပိုင်ဆိုင်တာမို့ ခင်ရတနာစိုးရဲ့ ဆုံးဖြတ်ချက်တိုင်းကို လေးစားရမှာပဲ ဖြစ်ပါတယ်။