ပရိတ်သတ်ကြီး ချစ်ရတဲ့ “သမီးဆိုး” ဇာတ်လမ်းတွဲထဲက “ချမ်းမြချို” ပုံရိပ်လေးတွေကို ချပြလာခဲ့တဲ့ မင်းသမီးချောလေး ရတနာဗိုလ်

မော်ဒယ်လ်တစ်ယောက် အဖြစ်ကနေ သရုပ်ဆောင် မင်းသမီးချော ရတနာဗိုလ်ကတော့ သရုပ်ဆောင်တစ်ယောက် အဖြစ် အောင်မြင်လာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေသူ ဖြစ်ပါတယ်။

ရတနာဗိုလ်ဟာ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေမှာ ဆက်တိုက် သရုပ်ဆောင်နေလျက် ရှိပြီး သူမရိုက်ကူးထားတဲ့ “သမီးဆိုး”၊ “အိပ်မက်ငိုတော” စတဲ့ ဇာတ်လမ်းတွဲတွေဟာလည်း ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသနေလျက်

ရှိတာပဲ ဖြစ်ပါတယ်။ “သမီးဆိုး” ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်အားပေးမှုကို ရရှိနေလျက်ရှိတဲ့ ရတနာဗိုလ်ဟာ ဒီကနေ့မှာတော့ သူမရဲ့ “ချမ်းမြချို” ဆိုတဲ့ ဇာတ်ကောင်လေးရဲ့ ပုံရိပ်ကို ပြသလာပါတယ်။ ရတနာဗိုလ်က

“သမီးဆိုး” ဇာတ်လမ်းတွဲထဲက “ချမ်းမြချို”လေးပါ” ဆိုတဲ့ ပရိတ်သတ်တွေ ချစ်ကြတဲ့ ချမ်းလေးရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ ရတနာဗိုလ်ကတော့ “သမီးဆိုး” ဇာတ်လမ်းတွဲမှာ “ချမ်းမြချို” ဆိုတဲ့

ဇာတ်ကောင်စရိုက်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိနေတာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း ရတနာဗိုလ်ရဲ့ “သမီးဆိုး” ဇာတ်လမ်းတွဲလေးကို ဆက်လက်ပြီး အားပေးကြပါဦးနော်။