နှစ်ပေါင်း (၃၆) ကျော် ပေါင်းသင်းလာတဲ့ ခင်ပွန်းဖြစ်သူကို တရားဝင် ကွာရှင်းလိုက်ရတဲ့ အကြောင်းရင်းမှန်ကို ပြောလာတဲ့ မင်းသမီးကြီး မို့မို့မြင့်အောင်

ပရိတ်သတ်ကြီးရေ ပြည်သူချစ် အနုပညာရှင် တစ်ယောက် ဖြစ်တဲ့ အကယ်ဒမီ မင်းသမီးကြီး မို့မို့မြင့်အောင်ကတော့ တစ်ခေတ်တစ်ခါရဲ့ ဇာတ်ကားတွေ အများကြီးမှာ

နေရာယူခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်ကို အရမ်းရူးသွပ်ပြီး ဝါသနာပါတဲ့ မို့မို့မြင့်အောင်က ဇာတ်ရုပ်များစွာကို ပိုင်နိုင်တိကျတဲ့ အိုင်တင်တွေနဲ့

ပီပြင်စွာ သရုပ်ဆောင်တဲ့သူတစ်ယောက် ဖြစ်လို့ မို့မို့မြင့်အောင်က ပရိတ်သတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် “မို့” လို့ ချစ်စရာကောင်းအောင် ပြောတတ်ပြီး

အရမ်းကိုလှတဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သရုပ်ဆောင် မို့မို့မြင်အောင်က ခင်ပွန်းဖြစ်သူနဲ့ တရားဝင် ကွာရှင်းလိုက်ပြီ ဖြစ်ကြောင်း

ပရိတ်သတ်တွေကို အသိပေးလာတာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် မို့မို့မြင့်အောင်က ခင်ပွန်းဖြစ်သူအား ငွေကြေး အရှုပ်အရှင်း ကျူးလွန်သည်ကို

လက်မခံနိုင်တော့၍ ဟုဆိုကာ နိုဝင်ဘာလ (၂၄) ရက်တွင် ကွာရှင်းပြီးကြောင်း ယနေ့ နိုဝင်ဘာလ (၂၆) ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာထားသည်။