လူရွှင်တော် ဆည်းဆာကတော့ အကောင်းဆုံး သရုပ်ဆောင်ချက်များနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့်
ပရိတ်သတ်များရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာဆိုရင် လူရွှင်တော် ဆည်းဆာက အိမ်ငှားနဲ့ နေထိုင်နေရပြီး ဝမ်းရေးအတွက်
ဘေထုတ်အထည်တွေရောင်းနေရတဲ့ အကြောင်းကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်နော်။ လူရွှင်တော်ဆည်းဆာက “အိမ်ငှား နေရတာပါ.. အလုပ်လည်း မလုပ်ရတော့
လက်ထဲ ငွေ (၁) သောင်း ၊ (၂) သောင်းထက် ပိုမရှိတာ ကြာပါပြီ.. လက်ရှိ စားဝတ်နေရေး အဆင်ပြေဖို့ ကွန်တိန်နာကျ အဝတ်အထည်လေးတွေ ရောင်းနေပါတယ်…
သားလေးတွေအတွက် ကိုယ်ပိုင်အိမ်လေးနဲ့ နေချင်တဲ့ ဆန္ဒလေး ရှိပေမယ့် ရခဲ့တဲ့ အနုပညာကြေးက အိမ်ပိုင်ဖြစ်ဖို့ မလုံလောက်ခဲ့ဘူး…” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။