နောက်အိမ်ထောင်နဲ့ ဒုတိယကိုယ်ဝန်ဆောင်ချိန်မှာ ထူးထူးဆန်းဆန်း မြန်မာနိုင်ငံက အစားအစာတခုကို ချဥ်ခြင်းတက်နေတဲ့ အဆိုတော် ချမ်းချမ်း

“မေမေဗိုက် ချဉ်ခြင်းတက်တာ အထူးအဆန်းတော့ မဟုတ်ပါဘူး… ကိုယ်ဝန် (၂) လကျော် ရှိပီမို့ အကုန်စားချင်နေတော့နာ…အထူးသဖြင့် အာရှ အစားအစာတွေပေါ့နော်.. ဒါပေမဲ့ ကိုယ်စားချင်တာလေးက လွယ်လွယ်ကူကူ ရှာမရတော့

စိတ်မကောင်းဖြစ်မိတယ်… ဒီခေါက်ဆွဲလေး တထုပ်စားရဖို့ မနည်းရှာရတယ်.. အမျိုးသားက ဘာစားချင်လဲလို့ မေးတော့ အားလဲနာ… ဒါပေမဲ့ စားချင်နေတာ တော်တော်ကြာပီ… လူကြုံလဲ မှာရတာ အားနာတာနဲ့ မှာပေးပါလား လို့

မေးတော့ Amazon ကနေ ဝယ်ပေးရှာတယ်…အရင်ကဆို ရန်ကုန်အိမ်လမ်းထိပ်မှာ တထုပ် (၂၀၀) ပေးဝယ်စားရတာ… အခုတော့ တိုင်တွေပတ်လို့😌😌 (1) ထုပ်ကို တပတ်တကြိမ် စားပေါ့ မိန်းမရယ်တဲ့… ပစ္စည်းက ရှာရခက်လို့တဲ့..

ငိုရမလို ရီရမလိုနဲ့.. စောဒကလဲ မတက်ရဲပါဘူး… အလုအယက် ဝယ်ရတာ ပစ္စည်းပြတ်သွားလို့ နောက်တကြိမ် ဘယ်တော့မှ ပြန်ဝယ်လို့ရမယ် မသိ… ဒါတောင် (၈) ထုပ်ပဲ ရလိုက်တယ်… အော် ဘဝတွေ ဘဝတွေ…. အခုလိုတွေ ကြည့်ရင်

ပြည်သူတွေ ဘယ်လောက် မြန်မာပြည်ထဲမှာ ကုန်စျေးနှုန်းတွေတက်ပီး ဒုက္ခတွေနဲ့ ဘယ်လိုလုပ်ကိုင် စားသောက်ရမလဲ တွေးကြည့်မိတိုင်း ရင်နာတယ်… ကိုယ့်ရဲ့အာဏာရူးတဲ့ လောဘကြောင့် အပြစ်မဲ့ပြည်သူတွေကို ဆင်းရဲတွင်းပို့နေတာကို

အခုထိ သူတို့မတွေးမိတာလား…. နေနိုင်တာလားနော်…လူ ဆိုပေမဲ့ လူစိတ်မရှိတဲ့ အခွံသက်သက်တွေပဲ…”