နောက်မိန်းမ ယူထားတယ် ဆိုတာ မဟုတ်ပါဘူး ချစ်လို့ အနားမှာ ခေါ်ထားတာပဲ ရှိတာပါ လို့ ပြောလာတဲ့ ဂျမ်းတောလေးရဲ့ ဖခင် ကိုကျော်စွာ

သမန်းကုန်းရွာက ဂျမ်းတော ခေါ် မအေးချမ်းမေလေးကို အားလုံးပဲ သိကြမှာပါနော်။ ဂျမ်းတောက သရက်ကင်လေးတွေ ရောင်းရင်း သူ့ရဲ့မိသားစုဝင်လေးတွေကို ရှာဖွေ ကျွေးမွေးနေတဲ့ သူလေးဖြစ်ခဲ့ပါတယ်။

အသက်မပြည့်သေးခင်မှာ လောကဓံ အလှည့်အပြောင်းတွေကို အလူးအလဲ ခံနေရတဲ့ ဂျမ်းတောကို ကူညီ အားပေးထောက်ပံ့ ပေးနေတဲ့သူတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျမ်းတောက အရင်လိုမျိုး

တစ်လမ်းဝင်တစ်လမ်းထွက် သရက်ကင်လိုက်မရောင်းတော့ဘဲ အွန်လိုင်းမှာ အဆိုတော်၊ သရုပ်ဆောင် စည်သူ (ပလပ်ကျွပ်) အကူအညီနဲ့ Live Sale တွေမှာ ဈေးရောင်းပေးနေပါတယ်။ ဒါ့အပြင် မခြူးလေးကလည်း

ကူညီစောင့်ရှောက်ထားတာ ဖြစ်ပြီး အနုပညာကြေး လို့ပဲ ပြောပြော ဈေးရောင်းလို့ရတဲ့ ငွေလေးတွေထဲကမှ ဂျမ်းတောလေးဟာ သူ့ရဲ့ ဖခင်ကို ကန်တော့ဖို့ စုဗူးသဘောမျိုးလေးနဲ့ စုထားတာ ရှိသေးတယ်။

ဒီနေ့မှာတော့ ဂျမ်းတောလေးရဲ့အဖေ ကိုကျော်စွာက နောက်မိန်းမယူထားတယ်လို့ ပြောနေကြတာနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြန်လည် ဖြေရှင်းလာပါတယ်။ ကိုကျော်စွာက “မိန်းမယူထားတယ်ဆိုတာ မဟုတ်ပါဘူး…

ကိုယ်က ချစ်လို့ ခေါ်ထားတာပဲ ရှိတာပါ… အမှန်တိုင်းပြောရမယ်ဆို သူနဲ့က ဖြစ်ခဲ့မိတာ… အိမ်မှာ ခေါ်ထားမိတော့ ပတ်ဝန်းကျင် လူတွေက မိန်းမယူတော့မယ် ဆိုပီး ပြောကြတာ…. ကိုယ်က ချစ်လို့ခေါ်ထားပီး သူ့ကို

ခဏတာ ကူညီစောင့်ရှောက် ပေးလိုက်တဲ့သဘောပါ…. သားသမီးတွေ ထားပြီး မိန်းမမယူပါဘူး…” လို့ ပြောလာခဲ့ပါတယ်နော်။