“နေထူးနိုင်” ရဲ့ ဇာတ်ကားမှ မဟုတ်ရင် ဘယ်ဇာတ်ကားမှ မကြည့်ဘူးဆိုတဲ့ ရမ်းဗြဲကျွန်းက အသက် (၈၄) နှစ် အရွယ် အမာခံပရိတ်သတ်

ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာ ဆိုရင်တော့ သရုပ်ဆောင် နေထူးနိုင်က သရုပ်ဆောင် နေထူးနိုင်ရဲ့ ဇာတ်ကားမှမဟုတ်ရင် ဘယ်ဇာတ်ကားမှ မကြည့်ဘူး ဆိုတဲ့ အသက် (၈၄) နှစ် အရွယ်

အမာခံ အဘိုးကို သွားရောက်တွေ့ဆုံခဲ့တဲ့ အကြောင်းကိုအခုလို ရေးသား ဖော်ပြထားပါတယ်နော်။ “အသက် (၈၄) နှစ် ရမ်းဗြဲကျွန်းက အဘိုး ဦးစိုးလွင်က ကျွန်တော်ဇာတ်ကားမှ

လွဲလို့ ဘယ်သူကားမှ မကြည့်ဘူး… ကျွန်တော်နဲ့ အရမ်းတွေ့ချင်လို့ ဆိုလို့ သွားရောက်တွေ့စုံခဲ့… သားသမီးတွေက ဖခင်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒ ဖြည့်ဆည်းပေးတာလေးစားရသလို

ကျွန်တော်ကိုယ်တိုင်လဲ ဝမ်းသာပိတိဖြစ်ခဲ့ရပါတယ်… တွေ့စုံခွင့်ရအောင် စီစဉ်ပေးသူများ အားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်… အဘိုး ဘာတွေပြောလဲ နားထောင်ကြည့်နော်…

တကယ်ကို ဝမ်းသာပီတိဖြစ်ခဲ့လို့ မျှဝေခြင်းပါ… လက်တွေတုန် မျက်ရည်တွေ ကျတဲ့အထိ ဝမ်းသာကျေနပ်တဲ့ အဘိုး… ကျန်းမာပျော်ရွင် အသက်ရှည်ပါစေ….” ဆိုပြီးတော့

သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသား ဖော်ပြထားပါတယ်နော်။