ပျော်ရွှင်စရာ မိသားစုဘဝလေးမှာ ကြည်နူးစရာအချိန်လေးတွေကို ပိုင်ဆိုင်ထားတာကတော့ ချမ်းချမ်းပဲ ဖြစ်ပါတယ်။ သူမကတော့ နိုင်ငံခြားကနေပြီး ပရိတ်သတ်အချစ်တွေလည်း ရရှိထားတာပါ။
လူမှုကွန်ရက်မှာလည်း ပုံရိပ်လေးတွေ video လေးတွေကို အမြဲတင်ပေးလေ့ရှိတာပါ။ အခုမှာတော့ သူမ သမီးလေးတွေဟာလည်း ကျောင်းတက်တဲ့အရွယ်ကို ရောက်နေပြီ ဖြစ်ပါတယ်။
ကျောင်းတက်နေတဲ့ သမီးလေးတွေကလည်း စာတော်တာကြောင့် ခုလို ချီးကျူးခံရတဲ့အကြောင်းကို ပြောပြခဲ့တာပါ။ “သမီးငယ်လေးက ရာသီဥတု အပြောင်းအလဲကြောင့်
နှာစေးပီး နေသိပ်မကောင်းဘူး။ ကျောင်းခဏ နားထားတယ်။ အကြီးလေးလဲ နှာစေးနေပေမဲ့ မနက် အစောကြီးထပီး ကျောင်းသွားရှာပီ။ စာတော်လို့ ဆရာမတွေ အချစ်ခံရလို့
အရမ်းဝမ်းသာတယ်။ ဘာသာစကား မတူပေမဲ့ ဆရာ ဆရာမတွေက ဖေးဖေးမမ ရှိလို့ အရမ်း အဆင်ပြေတယ်။ အင်္ဂလိပ်စာတော်တဲ့သူမို့ ကျောင်းမှာ သူ့ရွယ်တူတွေကို
အင်္ဂလိပ်စာ ပြန်သင်ပေးနေတာကို သူအရမ်းပျော်နေတယ်။ ဆရာမတွေကလဲ တအားချစ်တော့ အဆင်ပြေတယ်။ မနက်မိုးလင်းတာနဲ့ သမီးငယ်လေးကို အနွေးထည်ဝတ်ပြီး ခြံထဲဆင်း။
အသီးနှံတွေ လတ်လတ်ဆတ်ဆတ်ခူး။ နေ့လယ်စာ အတွက် ပြင်ဆင်။ သလဲသီးတွေ လှချက်။ အကုန်သီးပီ ကျမရဲ့ ချစ်ရတဲ့ မြန်မာပြည်သူတွေအတွက် ကူညီဖို့ plan တွေနဲ့..” ဆိုပြီး ပြောပြခဲ့တာပါနော်။
Be the first to comment