နိုင်ငံကျော် အဆိုတော်တွေ ဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ဟာ ချစ်သူသက်တမ်း (၁၃) နှစ်ကျော် အကြာမှာ လမ်းခွဲပြတ်ဆဲလိုက်ကြတာပဲ ဖြစ်ပါတယ်။ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ အချစ်ရေး အခုလိုဆုံးခန်းတိုင်သွားခဲ့ပြီ
ဆိုပေမယ့် ပရိတ်သတ်တွေကတော့ နှမြောတသရှိကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွှမ်းပိုင်ရော Bobby Soxer ရောက အလုပ်တွေကိုရှေ့ဆက်လုပ်ကိုင်နေကြပြီး အေးအေးဆေးဆေးရှိကြတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့
လွှမ်းပိုင်ဟာ နိုက်ကလပ်တစ်ခုမှာ သီချင်းသွားဆိုခဲ့ရာ သူ့ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ် ဖြစ်တဲ့ “ကာဗွန်ဒိုင်အောက်ဆိုက်” သီချင်းလေးကို သီဆိုခဲ့ပါတယ်။ အဆိုပါ သီချင်းဆိုနေရင်းနဲ့ လွှမ်းပိုင်ဟာ ခံစားချက်တွေပြင်းထန်လာပြီး
မျက်ရည်တွေကျလာခဲ့တာကို အဆိုပါ ရှိုးပွဲကိုကြည့်ခဲ့တဲ့ ပရိတ်သတ်တွေက မိမိရရ မှတ်တမ်းတင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ လွှမ်းပိုင်ကတော့ သီချင်းဆိုနေရင်းနဲ့ ဘာအကြောင်းကြောင့် မျက်ရည်ကျလာခဲ့ရတယ် ဆိုတာကို
မသိရပေမယ့် ပရိတ်သတ်တွေကတော့ လွှမ်းပိုင်နဲ့ Bobby Soxer ကို ပြန်လည် အဆင်ပြေစေချင်ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွှမ်းပိုင်နဲ့ Bobby Soxer တို့နှစ်ယောက်စလုံးက သူတို့ရဲ့ဆုံးဖြတ်ချက်ကို သေချာ နှစ်ရှည်စဉ်းစားပြီးမှ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
Be the first to comment