နက္ခတ် လိုယောကျာ်းမျိုးနဲ့ ဖူးစာဆုံပြီး လက်ထပ်ခဲ့ရလို့ အိမ်ထောင်ရေးမှာ ကံကောင်းခဲ့တယ် ဆိုတဲ့ လူရွေးမှန်ခဲ့တဲ့ အမျိုးသမီး ကလျာမိုး

MRTV4 မင်းသားတစ်ယောက်ဖြစ်တဲ့ နက္ခတ်ကတော့ အနေအေးပြီး တည်ငြိမ်တဲ့ ကာရိုက်တာတွေမှာ အများဆုံးသရုပ်ဆောင်ခဲ့ရသလို အပြင်က သူ့ရဲ့ပုံစံကလည်း အနေအထိုင်အေးဆေးသူဖြစ်ပါတယ်။ နက္ခတ်ဟာ အခုဆိုရင် အိမ်ထောင်ရှင်မင်းသားတစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီး သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပြီပဲဖြစ်ပါတယ်။ သာယာအေးချမ်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ နက္ခတ်ဟာ ဇနီးသားမယားအပေါ်မှာလည်း အရမ်းသိတတ်ပြီး

နက္ခတ်လိုလူမျိုးနဲ့ လက်ထပ်ခဲ့ရတာ ကံကောင်းမှုတစ်ခုပဲလို့ သူ့ရဲ့ အမျိုးသမီး ကလျာမိုးက ပြောလာပါတယ်။ “ကျွန်မရဲ့ အိမ်ထောင်ရေး ကံကိုအရမ်းကျေနပ်မိတယ် တချို့တွေက ပြောကြမှာပေါ့ မင်းသား ကိုရတာ ပဲကံကောင်းမှာပေါ့လို့ အိမ်ထောင်ရေးမှာရုပ်ချော ပညာတတ် ပိုက်ဆံရှိတိုင်း အဆင်ပြေနေကြမှာပဲလို့ တသတ်မတ်ထဲ ဆုံးဖြတ်လို့မရပါဘူး။ လူသားဆန်စွာ ချစ်မြတ်နိုးတတ်တဲ့စိတ်လေးရှိမှ အဆင်ပြေတာပါ။ အသေးအဖွဲလေးတွေကစဂရုစိုက်တတ်တဲ့

ယောကျာ်းလေးမျိုးကိုပဲ မိန်းကလေးတွေ လိုချင်ကြတာ အမှန်တရားတစ်ခုပါ ” “ချစ်သူဖြစ်ခါစ အချိန်ကနေစပြီးရေးချင်ပါတယ်ရှင့် ကိုယ်က သူ့ကို ကံကံ၏အကျိုးမှာ ကြည့်ပြီးသနားတယ်/ သရုပ်ဆောင်ပညာကို အရမ်းသဘောကျတယ် အဲ့စိတ်လေးဖြစ်မိတာနဲ့ fb accလိုက်ရှာပြီး အကို အောင်မြင်ပါစေ အားပေးနေတယ်နော်လို့သွားပြီစပြောမိတယ် အကိုကsticker လေးတွေ ပြန်ပို့တယ် အဲ့မှာတင်တဖြတ်ကျေနပ်ပီတိပေါ့နော် ကိုယ်အားပေးတဲ့ မင်းသားဆီက reply

ရတယ်ပေါ့။ ချစ်တဲ့စိတ်တွေဘာတွေ မရှိသေးဘူးနော်။ သရုပ်ဆောင်ကောင်းလို့အားပေးတာ😃😃အဲ့ဒါ၂၀၁၄ခုလောက်ဖြစ်မယ်ထင်တယ်။ ဒီလိုနဲ့ နေလာတာ ၂၀၁၇မှ အကို့ဆီက ထမင်းစားပြီးပြီလား ဘာလုပ်နေလဲတဲ့ စာပို့လာတာ တစ်ယောက်နဲ့တစ်ယောက်ဖူးစာဆုံဖို့ဆိုတာ အချိန် ကလဲအများကြီးအရေးပါတယ်။ အချိန်မတန်သေးရင် ဘေးချင်းကပ်ရှိနေရင်တောင် သတိမထားမိတာမျိုးပေါ့ တစ်ယောက်နဲ့တစ်ယောက်စကားတွေပြောရင်းနှီးလာကြရာကနေ ရန်ကုန်မှာ ပွဲရှိလို့

သွားရင်းနဲ့ အပြင်မှာတွေ့ပြီး ချစ်သူတွေ ဖြစ်သွားကြလေသတည်းပေါ့နော်။ ကိုကိုက သိပ်ချစ်တတ်တယ်။ ဘာလေးလုပ်ပြီးပြီး ထမင်းစားနေပြီနော် အလုပ်ပြန်လုပ်နေပြီနော် ဖုန်းခဏခဏဆက်ပြီးပြောတယ်။ ကျွန်မကလဲ မင်းသားကို ချစ်ပြီဆိုကတည်းက ကိုယ့်စိတ်ကိုယ်အများကြီးပြင်ဆင်တယ် အဓိက သဝန်မတိုဘူး။ မရစ်ဘူး။ သူစိတ်ချမ်းချမ်းသာသာဒီအလုပ်ကိုလုပ်ပါစေဆိုတဲ့စိတ်နဲ့နေတယ်။ ပြီးတော့ ကိုကိုဝါသနာပါတဲ့ သရုပ်ဆောင် အလုပ်ကို တဆင့်ပြီးတဆင့်

တိုးတက်စေချင်တဲ့ စိတ်စေနာအပြည့်ထားတယ်။ ဘေးက နေ အကောင်းဆုံး စိတ်ခွန်အားပေးဖို့အခိုင်အမာဆုံးဖြတ်ထားခဲ့ တာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းလေးကပိုခိုင်မာလာတာပေါ့နော်။ ၁လကျော်ကျော်ပဲရှိမယ် မန်းလေးနဲ့ရန်ကုန်ဆိုတဲ့အကွာအဝေးရော ခွဲရတဲ့ဒဏ်ရော မခံစားနိုင်လို့လူကြီးစုံရာနဲ့လာတောင်းချင်ပါတယ်လို့ပြောလာပါတယ်။ ကိုယ့်ကြောင့်သူ့အလုပ်ကိုမထိခိုက်စေချင်တာ မှန်သောစိတ်ထားမို့ နှစ်ဖက်မိဘဆွေမျိုး အနီးက မိတ်ဆွေ

ရပ်ကွက်ပတ်ဝန်းကျင်လောက်နဲ့ပဲ လာရောက်တောင်းရမ်းခြင်းကိုလက်ခံခဲ့ပါတယ်😍” “ဘေးကနေ ဘယ်လောက် အကို့ကိုဖြစ်စေချင်ခဲ့လဲဆိုတော့ ကျွန်မ fb accတောင်မသုံးဖြစ်တော့ဘူး။ အကို့ရဲ့ fb accနဲ့ page ကိုပဲနှစ်ယောက် အတူတူသုံးပြီး အကိုဇာတ်လမ်းတွဲရိုက်နေလို့မအားရင် ပရိတ်သတ်လေးတွေကို ပျော်သွားအောင် အားပေးနေတယ်ဆိုတဲ့သူလေးတွေကို replyလေးတွေပြန်ပေးဖြစ်တယ်။ နှစ်ယောက်လုံးက အရမ်းချမ်းသာပြည့်စုံတဲ့သူတွေမဟုတ်ကြဘူး။

နှစ်ယောက်တူတူ ကြိုးစားကြတဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကြတဲ့သူတွေမို့စိတ်အားငယ်ဝမ်းနည်းရတဲ့ အချိန်မျိုးမှာလဲတစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ပြီးအားပေးရင်းနေခဲ့ကြတာပါ။ အနာဂတ်အတွက် ရည်မှန်းချက်ထားတယ်။ အဲ့ဒါက အကို့ကို ဇာတ်လမ်းတွဲ မင်းသားကနေ ရုပ်ရှင်ကား ကြီးတွေ ရိုက်ရတဲ့သူ အဖြစ် ထိဖြစ်စေချင်ခဲ့တယ်။ Starawards တွေပေးပြီဆိုတော့လဲပျော်လိုက်ရတာ။ အရိပ် ကျော်ထွန်းညို ဆိုပြီး

ကိုယ့်အတွေးနဲ့ကိုယ်ပျော်ပြီးရင်ခုန်ရလွန်းလို့ဘယ်သူပေးပေးမပေးပေး ကိုယ်ကပေးပြီးသားပဲ 😃😃ဒီအထိက ကိုယ်ကပေးဆပ်ချစ်ရတဲ့ အကြောင်းတွေများနေသလိုဖြစ်နေတာနော် ကိုကို့ရဲ့ချစ်ခြင်းလေးက အခုမှစလာမှာပါရှင့်😍🥰 အပေါ်မှာပြောထားသလိုအနာဂတ်ရည်မှန်းချက်က အကို့ရဲ့သရုပ်ဆောင်အလုပ် ကိုပဲ တစိုက်မတ်မတ်ကြိုးစားကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့နေခဲ့တာပေါ့နော်။ ကျွန်မက ပြောပါတယ် ရည်းစားရှိရင်တောင်အားပေးမှုလျော့နိုင်တဲ့ အတွက်

တောင်းရမ်းလက်ထပ်ထားတာကို ကိုကို့ကိုလူသိများပြီး အလုပ်လေးတွေ အများကြီးလုပ်ရမှာကြေငြာကြမယ်နော် ပွဲလေးလုပ်ကြမယ်နော်ဆိုပြီးရည်ရွယ်ခဲ့ကြတယ်။ ဒါပေမယ့် မိန်းမအပေါ်မတရားရာရောက်တယ်ဆိုပြီး fbမှာနှစ်ယောက်ပုံလေးတင်ပြီး ချစ်သူပါလို့ပြောခဲ့တဲ့နေ့ကမျက်ရည်တောင်ကျရပါတယ်” “အနုပညာရှင်မောင်နှမတွေရော မိတ်ဆွေ သူငယ်ချင်းပရိတ်သတ်တွေကပါ congratulation တွေဝိုင်းပြောကြတော့ ကိုယ့်ကြောင့် သူထိခိုက်မှာစိုးတဲ့

စိတ်လေးနည်းနည်းလျော့ခဲ့ပါတယ်။ အရိပ်ဇာတ်လမ်းတွဲပြီး ကိုကို ဆိုပြီး မိန်းကလေးတွေ အားပေးနေကြတဲ့ အချိန် ချစ်သူကိုချပြရဲတဲ့ ကိုကို့ရဲ့အချစ်ကို အများကြီးကျေးဇူးတင်ရပါတယ်🥰 ဖြစ်ချင်တာနဲ့ဖြစ်နေတာတွေဟာထပ်တူကျနေကြတဲ့သူတွေ ရှိကောင်းရှိမယ်ရှားတော့ရှားလိမ့်မယ်ပေါ့နော်။ ကျွန်မတို့နှစ်ယောက်လဲ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရှိလိုက်ရတဲ့အခြေအနေမျိုးလဲ အများကြီးရင်ဆိုင်ခဲ့ကြရပါတယ်။ အလုပ်တွေလုပ်ရမယ့်အချိန် ဘာမှမလုပ်ရဘဲ

ဒီတိုင်းကုန်ဆုံးသွားခဲ့ရတဲ့နေ့ရက်တွေအများကြီးပါ။ အနာဂတ်ရဲ့ ရည်မှန်းချက်ထဲမှာမိသားစုဘဝလေးကိုမမျှော်လင့်ထားပေမယ့် ဗိုက်ထဲမှာသွေးသားလေးရှိနေပြီ ဆိုပြီးကိုကို့ကိုပြောလိုက်တဲ့ အချိန်မှာ ကိုကို့ရဲ့ပျော်ရွှင် သွားတဲ့ မျက်နှာလေးကို ကြည့်ပြီးထိုင်တောင်ကန်တော့ချင်လာပါတယ်။ ဂရုစိုက်တာလဲအရမ်းပါ အင်္ကျီတွေကိုတောင် အဝတ်လျှော်စက်ထဲ ကိုယ်တိုင် လျှော်ပေးပြီး ဘာမှ မလုပ်ခိုင်းခဲ့တဲ့ထိကို ပြုစုပေးခဲ့တာပါ။ အားဆေး အစားစာတွေက စ

ကိုယ်တိုင်တိုက်ရမှ ဈေးသွားပြီး အားရှိတဲ့အစားအစာလေးတွေလဲ ဝယ်ပြီးကျွေးတယ်။ အစစအရာရာကိုဂရုစိုက်လွန်းခဲ့တာပါ။ ကျေးဇူးလဲတင်တယ် အရမ်းလဲချစ်ရပါတယ် ယောကျာ်းရယ် အခက်အခဲလောကဓံတွေအများကြီးရင်ဆိုင်နေခဲ့ရတဲ့ အချိန်မျိုးတွေမှာတောင်မိန်းမနဲ့သမီးလေးရှေ့မှာ အမြဲပြုံးရွှင်ပြီးနေပေး ချစ်ပေးလို့ကျေးဇူးပါ ကိုကိုရေ ပေးဆပ်အနစ်နာခံပြီး ချစ်တဲ့ ချစ်ခြင်းရဲ့ရလာဒ်လေးချိုမြိန်တယ် 🥰မမျှော်လင့်ဘဲရခဲ့တဲ့ ဘုရားက ပေးတဲ့

အကောင်းဆုံးဆုလာဒ် ဖြစ်တဲ့ သမီးလေး ရခဲ့တဲ့အတွက်လဲ အရမ်းပျော်ရွှင်ခဲ့ရပါတယ်🥰🥰 ကိုကို့ကို မိသားစုဘဝလေးပိုင်ဆိုင်တဲ့ထိချစ်ခင်အားပေး ကြတဲ့ အတွက်လဲကျေးဇူးပါရှင့်🥰🥰” ဆိုပြီး ပြောလာပါတယ်။ နက္ခတ်ကတော့ ချစ်သူသက်တမ်းလပိုင်းအတွင်းမှာတင် သူ့ရဲ့ချစ်သူမိန်းကလေးနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး သူ့ဇနီးရဲ့ဆန္ဒအရ အိမ်ထောင်ရှိတာကို လျှို့ဝှက်ပြီး အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ သမီးလေးရရှိခဲ့ချိန်မှာတော့

နက္ခတ်ဟာ သူ့ရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို မချွင်းမချန်ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။