ဒီဘဝမှာ မိဘနှစ်ပါးလုံး သက်ရှိထင်ရှားရှိနေတုန်း ကျေးဇူးအပြည့် ဆပ်ချင်တယ် လို့ ပြောလာခဲ့တဲ့ သရုပ်ဆောင် ပိုင်တံခွန်

သရုပ်ဆောင် ပိုင်တံခွန်ကတော့ အမိုက်စား သရုပ်ဆောင်ကွက်တွေ နဲ့အတူ အမျိုးမျိုးသောဇာတ်ကောင်တွေမှာ မတူညီတဲ့ သရုပ်ဆောင်မှုများနဲ့ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့

အတွက်ကြောင့် ပရိတ်သတ်ကြီးတို့ရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင် ပိုင်တံခွန်က မိဘတွေ ရှိတုန်း ကျေးဇူးအပြည့် ဆပ်ချင်တယ်

ဆိုပြီး အခုလိုပဲ ပြောလာခဲ့ပါတယ်နော်။ သရုပ်ဆောင် ပိုင်တံခွန်က “အဖေ နဲ့ အမေ တို့ကို သိန်းပေါင်းများစွာ ပုံပေးတဲ့ အခါလည်း ရှိခဲ့တယ်… လတိုင်းတော့ (၁၅) သိန်း၊

သိန်း (၂၀) ပုံမှန် ကန်တော့ငွေ ထောက်ပံ့တယ်… အခုနောက်ပိုင်း ကန်တော့ငွေက သီးသန့်.. သူတို့ ကုသိုလ်​ရေး လုပ်ဖို့၊ သူများကို အလှူအတန်းပြုဖို့ သီးသန့် ပေးဖြစ်တယ်..

သူတို့ လက်နဲ့ လုပ်တဲ့ ကုသိုလ်တွေ ရစေချင်တယ်… ဒီဘဝမှာ မိဘ ကျေးဇူးကို အပြည့် ဆပ်သွားချင်တယ်…” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။