ဒီနေ့ ညနေပိုင်းမှာ အကျဉ်းချနေရာကနေ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည် လွတ်မြောက်လာပြီ လို့ သတင်းတွေထွက်ပေါ်နေတဲ့ အဆိုတော် ပိုပို

ပိုပိုကတော့ အဆွေးသီချင်းလေးတွေ အချစ်သီချင်း လေးတွေကို သီဆိုတတ်သူဖြစ်ပြီး သူမရဲ့သီချင်းလေးတွေဟာ နားထောင်လို့ ကောင်းနေဆဲပါ။ ချစ်စရာ ကောင်းလွန်းတဲ့ အပြုံးလေးတွေရှိပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ

နေရာတစ်ခုရယူထားနိုင်တဲ့ ပိုပိုကတော့ ယခုမှာ သီချင်းသစ်တွေလဲ ထွက်ရှိဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။ သူမရဲ့ချစ်စဖွယ် အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်မဝ ဖြစ်နေရတာပါနော်။

သူမဟာ သီချင်းဆိုရာမှာ တော်လွန်းရုံမက အမှန်တရား အတွက် ပြည်သူတွေနဲ့အတူရပ်တည်ခဲ့ပါသေးတယ်။ ဒါ့ကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ

လပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရပါတယ်။ အဆိုတော် ပိုပိုဟာ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတာကြောင့် ချစ်တဲ့ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။ သီချင်းကောင်းလေးတွေကို အမြဲတမ်း

သီဆိုတတ်တဲ့ အဆိုတော်မလေး ပိုပိုကတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့တာ ကြောင့် ဖမ်းဆီး အကျဉ်းချခံခဲ့ရတာပဲ ဖြစ်ပါ တယ်။ ပိုပိုဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံထားရတာ ဖြစ်ပြီး

သူမအနေနဲ့ စတင် ဖမ်းဆီးခံခဲ့ရစဉ်ကတည်းက အမိန့်ချမှတ်ခံခဲ့ရတဲ့ အထိကို ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ် တောက်နေခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်အချိန် ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့

အောက်တိုဘာလ (၂၈) ရက်နေ့မှာတော့ ပိုပိုနဲ့ ပတ်သက်တဲ့ သတင်းကောင်းတစ်ခုကို ဖေ့စ်ဘုတ်စာမျက်နှာမှာ ပျံ့နှံ့နေတာပဲ ဖြစ်ပါတယ်။ ပိုပိုဟာ ဒီကနေ့ ညနေပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပြီ လို့

ပြောဆိုနေကြတာဖြစ်ပြီး သူမနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်တဲ့ DJ Kandi K ကလည်း “စောင့်နေတဲ့နေ့ ရောက်လာပြီ.. ပျော်လိုက်တာ ဆီး ချစ်ပိုရေ…” ဆိုပြီး သူမရဲ့ ဖေ့စ် ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ပိုပိုက အမှန်တကယ်ပဲ လွတ်မြောက်လာခဲ့ပြီလား ဆိုတာကတော့ အခုအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ချစ်တဲ့ ပရိသတ်တွေကတော့ ပိုပို တကယ်ပဲ ပြန်လည် လွတ်မြောက်လာပါစေ လို့ ဆုတောင်းနေကြတာပဲ ဖြစ်ပါတယ်။