ပရိတ်သတ်ကြီးရေ သရုပ်ဆောင် အေးသီတာ ကတော့ ဝါရင့်ဇာတ်ပို့တစ်ယောက် ဖြစ်ပြီး အနုပညာအရည်အချင်း ပြည့်ဝတာမလို့ ကျရာဇာတ်ရုပ်တိုင်းမှာ အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သရုပ်ဆောင် အေးသီတာက
ဒီနေ့အချိန်ထိ ပြန်မလွတ်လာသေးတဲ့ သင်ဇာဝင့်ကျော်ကို လွမ်းတဲ့အကြောင်းတွေ ရင်ဖွင့်လာတာလည်း ဖြစ်ပါတယ်။ အေးသီတာက “သင်ဇာက အစ်မအပေါ်မှာ အရမ်းကောင်းခဲ့တယ်.. ကိုယ်တစ်ခုခုဖြစ်ရင် လည်း အစ်မ ဘာမှစိတ်မပူနဲ့ သင်ဇာ့ဆီ ဖုန်းဆက်လိုက် ဆိုပြီး အားပေးတယ်.. ကိုယ့်အနုပညာလောကထဲက
တစ်ယောက်ယောက် အဆင်မပြေဖြစ်ရင်လည်း အစ်မရေ ဘယ်သူ့ကိုတော့ လှုပေးပါဦး ဆိုပြီး လှူခိုင်းတယ်။ သူ့အတွက်ကို ကိုယ့် ဆရာတွေ၊ ဘုန်းကြီးတွေနဲ့လည်း ဆုတောင်းပေးနေပါတယ်။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တာကြီး ဆုတောင်းတွေ ပြည့်ချင်ပါတယ်..” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။
Be the first to comment