ဒီနိုင်ငံမှာ အနုပညာလုပ်ရင် ပရိတ်သတ်တွေက အရည်အချင်းကို မကြည့်ပဲ ဆင်းရဲမှ အားပေးတာ ဆိုပြီး ကောက်ချက်ချလိုက်တဲ့ ကောင်းစစ်သွေး

သရုပ်ဆောင် ကောင်းစစ်သွေးကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ “မမှီဝဲနဲ့ ကင်းအောင်နေ” ဇာတ်လမ်းတွဲထဲက

“ဇော်ရဲ” ကာရိုက်တာကတော့ ကောင်းစစ်သွေးကို ပိုမိုလူသိများစေခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာလည်း ကောင်းစစ်သွေးဟာ ဇာတ်လမ်းတွဲတွေများစွာကို ဆက်တိုက်ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကောင်းစစ်သွေးက မြန်မာနိုင်ငံက ပရိတ်သတ်တွေရဲ့ အနုပညာရှင်ကို အားပေးပုံနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောလာခဲ့ပါတယ်။ ကောင်းစစ်သွေးက

“ဒီနိုင်ငံမှာက အနုပညာလုပ်ရင် အရည်အချင်းကို မကြည့်ဘူး.. ဆင်းရဲမှ အားပေးကြတာ.. သီချင်းဆိုပြိုင်ပွဲတွေ ကြည့်လိုက်.. တကယ် အရည်အချင်းရှိတဲ့သူတွေက နောက်မှာ..

ဆင်းရဲတဲ့သူတွေကိုသနားပြီး ပိုအားပေးကြတယ် $ တလွဲ 😪 အနုပညာသမားတွေ Interview လုပ်ရင် ငယ်ငယ်က စားစရာတောင် မရှိခဲ့ဘူး.. ဘယ်လို ငတ်ခဲ့တာဆို သနားလိုက်ကြတာ… ဟုတ်ဟုတ် မဟုတ်ဟုတ် သနားတာပဲ..

ကိုယ်တွေများ သနားဖို့မပြောနဲ့.. ငယ်ငယ်ထဲက မိဘပိုက်ဆံခိုးပြီး $ ကမြင်းကြော ထခဲ့တော့ ဇာတ်နာစရာကို မရှိတာ…” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ကောင်းစစ်သွေးကတော့

ဒီနိုင်ငံက ပရိတ်သတ်တွေဟာ အနုပညာအလုပ်လုပ်ရင် အရည်အချင်းကိုမကြည့်ပဲ ဆင်းရဲမှ အားပေးကြတယ်လို့ ပြတ်ပြတ်သားသား ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

တချို့သော ပရိတ်သတ်တွေကတော့ ကောင်းစစ်သွေးဟာ လတ်တလော နာမည်ကြီးနေတဲ့ MRTV 4 မင်းသားတစ်ယောက်ကို ရည်ညွှန်းပြောဆိုနေတယ်ဆိုပြီး ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။