ပရိသတ်ကြီးရေ ဒီနေ့ စက်တင်ဘာလ (၁၇) ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် အဆိုတော် မော်ဒယ်လ်မင်းသားချော ပိုင်တံခွန်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။
ဒီနေ့ မွေးနေ့ရက်လေးမှာတော့ ပိုင်တံခွန်က အသက် (၂၆) နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံတွေတော်တော်များများမှာလည်း
အားပေးတဲ့ ပရိတ်သတ် အခိုင်အမာ ရရှိထားပြီး အောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ပါ။ ယနေ့ကျရောက်တဲ့မောင်ဖြစ်သူရဲ့ မွေးနေ့လေးမှာ အမဖြစ်သူ မေချစ်သွေးက
”Happy Birthday Me’ Lone အနှောင့်အယှက်၊ အဟန့်အတား၊ ရန်စွယ်များအားလုံးကို ကျော်လွှားဖြေရှင်းနိုင်ပါစေ” ဆိုပြီး ဆုတောင်းပေးလာခဲ့ပါတယ်။
နောက်ပြီးတော့ မောင်ဖြစ်သူရဲ့ ဖြစ်ကလက်ဆန်း နေနေတဲ့ပုံလေးတစ်ပုံ နဲ့အတူ ”ဒုတိယ ပုံကတော့ အကျင့်ယုတ်ပီး ထည့်တာ” ဆိုပြီး ဆေးအကြီးကြီး ထိုးပေးလိုက်တာပဲ ဖြစ်ပါတယ်နော်။
မွေးနေ့ရှင် ပိုင်တံခွန်လည်း ဒီထက်မက အောင်မြင်မှုတွေ ရရှိပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနှလုံးကိုလည်း ဒီထက်မက ဖမ်းစားနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Be the first to comment