ထိုင်းနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ ထုတ်ပြန်ချက်အရ “နိုရို” အမည်ရှိ မုန်တိုင်းဟာ အားပျော့ပြီးရင် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းကို
ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။ မုန်တိုင်းဟာ လက်ရှိ တောင်တရုတ်ပင်လယ်ပြင်ကနေ တနာရီ (၃၅) ကီလိုမီတာနှုန်းနဲ့
ဗီယက်နမ်နိုင်ငံဘက်ကို ဦးတည်ရွေ့လျားနေပြီး မနက်ဖြန်မှာ ဗီယက်နမ်အလယ်ပိုင်းနဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်ပြီး
အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားမယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ဘုရားကယ်ပါ 🙏🙏🙏
ရေမြုပ်တဲ့နေအိမ်တွင် အိပ်ယာထဲက မထနိုင်တဲ့ အသက် (၈၀) ကျော် အဘိုးအိုကို ဦးဇင်းလေးတစ်ပါးမှ ပွေ့ချီကာ
ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် ဓါတ်ပုံလေး ဖြစ်ပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံ ချိုင်နာ့ခရိုင်တွင် ဖြစ်ပျက်ခဲ့တာပါ။
Be the first to comment