ထိုင်းမှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ ဖခင်ကြီးကို အနားကနေ တဖဝါးမှမခွာပဲ ဂရုစိုက်စွာ ရှိနေပေးတဲ့ လူပျိုကြီး ရဝေအောင်

သရုပ်ဆောင် ရဝေအောင်ကတော့ တစ်ခေတ်တစ်ခါက ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေ ရိုက်ကူးရင်းနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရဝေအောင်ဟာ အသက်အရွယ်တစ်ခု ရောက်ရှိလာချိန်မှာတော့

အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး သာမာန်လူတစ်ယောက် အဖြစ်သာ ရပ်တည်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရဝေအောင်ဟာ အခုအချိန်ထိ အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ်နဲ့ ရှိနေတာပဲ

ဖြစ်ပါတယ်။ တစ်ကိုယ်တည်းသမားပီပီ မိဘတွေအပေါ် အချိန်ပြည့်ဂရုစိုက်နိုင်တဲ့ ရဝေအောင်ဟာ လက်ရှိမှာလည်း သူ့ဖခင်ရဲ့ ကျန်းမာရေးအတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ရဝေအောင်က “အဖေ ကုသမှု

ခံယူပြီ ဆေးရုံဆင်းခွင့်ရပါပြီ… ဆုတောင်းပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်🙏 အခု အကြိမ်နဲ့ဆို TACE ငါးကြိမ် ရှိပါပြီ… ကုသမှု ခံယူတိုင်း စိတ်ဓါတ်မာတဲ့ အဖေ့ကို ကြည့်ပြီး သူနာပြုလေးတွေက ပါးပါး လူနာနဲ့မတူဘဲ လန်းဆန်း

ချောကြောင်း ဂရုတစိုက် ပြောကြရင်း… ရယ်မောစွာနှုတ်ဆက်ခဲ့တဲ့ အဖေ.. ဆေးအရှိန်တွေ တပတ်လောက်တော့ ခံရအုန်းမှာမို့ Flighting ပါ အဖေ💪” ဆိုပြီး ပြောပြလာခဲ့ပါတယ်။ ရဝေအောင်ကတော့ တစ်ကိုယ်တည်းသမား ပီပီ

မိဘတွေရဲ့ကျန်းမာရေးကို ဂရုစိုက်ရင်း အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ရဝေအောင်ရဲ့ ဖေဖေလည်း အမြန်ဆုံး နေကောင်းကျန်းမာပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။