ပရိတ်သတ်ကြီးရေ သရုပ်ဆောင် Zell ကတော့ အိန္ဒိယမင်းသားလား ထင်ရလောက်အောင်ကို ဆွဲဆောင်မှုရှိပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအားပေးမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ သရုပ်ဆောင် Zell က ထိုင်း လူမျိုးစုတစ်ခု ဖြစ်တဲ့ နာဂလူမျိုးတွေအကြောင်း ထိုင်းနိုင်ငံက မင်းသားမင်းသမီးတွေ နဲ့အတူ ဇာတ်ကားရိုတ်ကူးသွားမယ့်အကြောင်း
ပြောပြလာတာ ဖြစ်ပါတယ်။ သရုပ်ဆောင် Zell က “ကျွန်တော် အနုပညာဖန်တီးနေတာ ဆိုရင် အခုဆို ကျွန်တော် ထိုင်းနိုင်ငံမှာလည်း ရှိတဲ့ နာဂလူမျိူးစုအကြောင်း နဲ့ သက်ဆိုင်တဲ့
ဇာတ်ကားလေး ရိုက်ကူးနေပါတယ်… ကျွန်တော်တို့ မြန်မာပြည်က နာဂတိုင်းရင်းသား လူမျိူးစုလိုပါပဲ… ဇာတ်လမ်း ပုံစံလေးကတော့ သူတို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြို့လေးတစ်မြို့ရဲ့
ကျောင်းထိုင်ဘုန်းတော်ကြီး တစ်ပါးကနေပြီး စာအုပ်လေးတစ်အုပ် ရေးတယ်ပေါ့နော်… အဲ့ထဲမှာ လူသားတွေရဲ့ ဘာသာတရား၊ လူမျိုး တမျိုးရဲ့ ကိုးကွယ်မူဆိုင်ရာလေးတွေ
တရားထိုင်ရင် ရရှိတဲ့ အကျိူးကျေးဇူးလေးတွေနဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ်ထုတ်တာပေါ့နော် အဲ့စာအုပ်ထဲက အကြောင်းအရာလေးတွေကို သေချာဖတ်ပြီးတော့ မှီငြမ်းပြီး
ဇာတ်လမ်းအဖြစ် ဖန်တီးပြီး ရိုက်နေတာပါ… အဲ့ထဲမှာ ဘာတွေပါလည်းဆို ဒီဘက်ခေတ်ပုံစံလေးတွေရယ် နောက် ထိုင်း ယဉ်ကျေးမူနဲ့ ဆိုင်တဲ့ အကြောင်းအရာလေးတွေရယ်..
နောက် တရားထိုင်ရင် ဘယ်လိုအကျိူးဖြစ်စေတယ် ဆိုတဲ့ အကြောင်းအရာလေးတွေ ထည့်ထားတယ်ဗျာ… ဒီဇာတ်ကားမှာ မြန်မာဖက်က သရုပ်ဆောင်ဆိုလို့ ကျွန်တော်တစ်ယောက်ထဲဘဲ
ရှိပါတယ်.. ကျန်တာတော့ ထိုင်းသရုပ်ဆောင်တွေ ပါဝင်ထားတာပါ.. ဇာတ်ကားရဲ့ အဓိကနေရာမှာလည်း ကျွန်တော် ပါဝင်ထားပါတယ်… အားလုံးခေါင်းဆောင် (၃) ဦး ရှိတယ်.. အဲ့ထဲမှာ ကျွန်တော်လည်း ပါပါတယ်..” ဟု သရုပ်ဆောင် Zell က ပြောပါတယ်။
Be the first to comment