ချစ်ပရိသတ်ကြီးတို့ရေ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ ပရိတ်သတ်တွေရဲ့ရင်ထဲ ရောက်ရှိခဲ့တဲ့ မမဆောင်းကိုတော့ အားလုံး သိကြမယ် ထင်ပါတယ်နော်။ ဗီဒီယိုခေတ်ကတည်းက အနုပညာလောကထဲ
ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ သာမက ကြော်ငြာများစွာကိုပါ ရိုက်ကူးနေတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဆယ်စုနှစ် တစ်စုကြာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မမ ဆောင်းဟာ ယခုချိန်မှာလည်း
ပရိတ်သတ်တွေ အကြား ရေပန်းစားနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ မမဆောင်းဆိုတာနဲ့ ပရိတ်သတ်တွေ ချစ်ရတဲ့သူတစ်ယောက်ပါ။ နောက်ပိုင်းမှာ လည်း ကြော်ငြာလေးတွေ များစွာ ရိုက်ကူးနေရတာပါ။ သူမရဲ့
ကြော်ငြာလေးတွေကိုလည်း ပရိတ်သတ်တွေ အားပေးနေရတာပါ။ အင်တာဗျူးလေးတွေလည်း ဖြေလေ့ရှိပြီးအင်တာဗျူးလေးတိုင်းကိုလည်း ချစ်နေရတာပါ။ နောက်ပိုင်း Live လေးတွေလည်း လွှင့်ပြီး ဈေးလေးရောင်းနေတာပါ။
အခုမှာလည်း သူမ ပျော်ခဲ့ရတဲ့အကြောင်းလေး ပြောပြခဲ့တာပါ။ “ထိုင်းနိုင်ငံက ကစ်သရီ ဖန် အလှကုန် ဘလန်းပိုင်ရှင် သူဌေးမက ထိုင်းမှာ ကြော်ငြာလဲ ခေါ်ရိုက်တယ်… အိမ် (၅) လုံးပိုင်ဆိုင် သူဌေးမ မမ က မွေးစား ညီမလေးကို
ရေကူးကန်ပိုင်တဲ့ တိုက်ကြီးလဲ လက်ဆောင်ပေးလိုက်တယ်… တာဝန်ကျေတဲ့မမကို ထိုင်ကန်တော့ခဲ့တယ်ရှင့်… တခြားကြော်ငြာခေါ်ရိုက်ကြတဲ့ သူတွေလဲ အနုပညာ ကြေး အပြင် စိန်ဆွဲသီး၊ Rolex နာရီတွေ လက်ဆောင် ထပ်ပေးတာ ကျေးဇူး….” ဆိုပြီး ပြောပြလာခဲ့ပါတယ်နော်။