တိုင်းတပါးမှာ သမီးလေးနဲ့ နှစ်ယောက်တူတူ ရပ်တည်နေရတာမို့ သမီးလေးအပေါ် စိတ်တိုရင်တောင် ကြာကြာ စိတ်မဆိုးရက်တဲ့ အကြောင်း ရင်ဖွင့်လာတဲ့ အေသင်ချိုဆွေ

ပရိတ်သတ်ကြီး သိပြီးသားအတိုင်း အဆိုတော်၊ သရုပ်ဆောင် အေသင်ချိုဆွေကတော့ Single Mother တစ်ယောက်ပဲ ဖြစ်ပါတယ်။ အေသင်ချိုဆွေဟာ လက်ရှိမှာတော့ သူမရဲ့ သမီးလေး

အိုင်ဗီ နဲ့အတူတူ သြစတေးလျနိုင်ငံမှာ အခြေချနေထိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ တိုင်းတစ်ပါးမှာ သမီးလေးနဲ့အတူတူ နှစ်ယောက်တည်း ရပ်တည်နေရတဲ့ အေသင်ချိုဆွေဟာ

သမီးလေးနဲ့ပတ်သက်ပြီး သူမမှာ စိတ်ဆိုးချင်ရင်တောင် ကြာကြာ စိတ်မဆိုးရက်တဲ့ အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ အေသင်ချိုဆွေက “တနေ့တနေ့

ဆူလိုက် အော်လိုက် ရိုက်လိုက် ပြီးရင် ဒီအမေကပဲ ပြန်တောင်းပန်ပြီး ပြန် ချော့ရတယ်… အရမ်းလည်း ရှက်တတ်လာတယ်… ပိုပိုပြီးလည်း ချစ်ဖို့ကောင်းလာတယ်… မေမေ့ရဲ့ ချစ်မဝလေး”

ဆိုပြီး သမီးလေးကို ဆူလိုက်၊ အော်လိုက် မိပြီးရင် စိတ်မကောင်းဖြစ်လို့ ပြန်တောင်းပန်ပြီး ချော့ရတယ်ဆိုပြီး ပြောလာပါတယ်။ အေသင်ချိုဆွေကတော့ သူမနဲ့ သမီးလေး တစ်ယောက်ကို

တစ်ယောက်ပဲ အဖော်ပြု အားကိုးနေရတဲ့ အခြေအနေမှာ သားအမိနှစ်ယောက်ရဲ့ သံယောဇဉ်ဟာ တစ်နေ့ထက်တစ်နေ့ တိုးပွားလာပြီ ဖြစ်တဲ့အကြောင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နော်။