တန်ဖိုးကြီးလှသည့် နာမည်ကြီး အမှတ်တံဆိပ် ပိုက်ဆံအိတ်ကို ဝယ်ယူနိုင်ရန်အတွက် (၈) လတိတိ မသေရုံ စားသောက်ပြီး ပိုက်ဆံစုဆောင်းခဲ့သည့် အမျိုးသမီး

လူသားအများစုတို့ဟာ နာမည်ကြီး အမှတ်တံဆိပ် ကုန်ပစ္စည်းများကို ဂုဏ်ပကာသနများအတွက် ဝယ်ယူသုံးစွဲရန် ဆန္ဒရှိတတ်ကြပါတယ်။ မိန်းကလေးအများစု တို့အတွက်

ပိုက်ဆံအိတ်သည် သွားလေရာတွင် ယူဆောင်သွားနိုင်ရန် မဖြစ်မနေ လိုအပ်သောအရာပင် ဖြစ်ပေသည်။ မလေးရှားနိုင်ငံမှ အမျိုးသမီးတစ်ဦးဟာလည်း သွားလေရာတွင်

ယူဆောင်သွားသည့် ပိုက်ဆံအိတ်လေးကို နာမည်ကြီး အမှတ်တံဆိပ် ကိုင်ဆောင်ရန် ဆန္ဒရှိနေခဲ့ပါတယ်။ ထို့ကြောင့် ဒေါ်လာ (၁၀၅၀) ကျော် တန်ဖိုးရှိသည့် Gucci အမှတ်တံဆိပ်ကို

ဝယ်ယူနိုင်ရန်အတွက် ပိုက်ဆံများကို စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ ကောင်မလေးဟာ သူ၏လစာငွေများကို မစားမသောက်ဘဲ (၈) လ ကြာအောင် ကြိုးစားစုဆောင်းခဲ့တာလည်း ဖြစ်ပါတယ်။

(၈) လ ကြာပြီးသည့် နောက်တွင်တော့ ကောင်မလေးဟာ သူအရမ်းလိုချင်နေသည့် ပိုက်ဆံအိတ်လေးကို ဝယ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။