ပရိတ်သတ်ကြီးရေ အမှန်တရားဘက်မှာ ရပ်တည်ခဲ့တဲ့ ဒေါက်တာ မြဝတ်ရည်ဟာ ပြည်သူချစ်ရတဲ့ ဆယ်လီ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။
ဆရာဝန်တစ်ယောက်ရဲ့ ဂုဏ်ထူးတွေကို မငဲ့ကွက်ဘဲ အရာရာ စွန့်လွတ်ပြီး တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူ နဲ့အတူ လွတ်မြောက်နယ်မြေတစ်ခုမှာ ရှောင်တိမ်းနေရပြီး တော်လှန်ရေး အတွက် တတ်နိုင်တဲ့ဘက်က ကူညီပေးနေတာပဲ ဖြစ်ပါတယ်။
ဗိုက်ထဲက သမီးလေး Mia လေးကိုလဲ အခက်အခဲတွေ ကြားမှ မွေးပေးနိုင်ခဲ့တဲ့ မိခင်ကောင်းတစ်ယောက်လဲ ဖြစ်ပါတယ်။
ခုဆို သမီးလေး Mia က (၁) နှစ်ကျော် သွားပြီပဲ ဖြစ်ပါတယ်။ “Mia လေးတောင် (1) နှစ် (1) လ ပြည့်သွားပြီ… တစ်နေကုန် ရှုပ်နေတာနဲ့ ညဘက် ကလေးအိပ်မှ
ဓာတ်ပုံရိုက်ဖို့ သတိရတယ်… လူလည်မလေး ဖြစ်နေပြီ သူက ❤️..” ဆိုပြီး မေမေ မြဝတ်ရည်က ရေးသားလာခဲ့ပါတယ်။ အခက်အခဲတွေကြားမှာ မွေးလာခဲ့တဲ့
သမီးလေး Mia လေးကတော့ ဝိုင်းစက်ပြီး လှလွန်းတဲ့ မျက်ဝန်းလေးတွေကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းလွန်းတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။
Be the first to comment