တစ်ဦးတည်းသော သမီးချောလေးကို ထုတ်ကြွားလာပြီး “သတိ… ဖေဖေလို့ လာမခေါ်ရ” ဆိုပြီး သတိ​ပေးလာတဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်း

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ပိုင်ဇေရဲထွန်းကတော့ တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသားတစ်ယောက် ဖြစ်ခဲ့တာပါ။ အနုပညာလောကမှာ အောင်မြင်ခဲ့သူပဲ ဖြစ်ပါတယ်။

အိမ်ထောင်ပြုသွားပြီး နောက်ပိုင်းမှာ အနုပညာအလုပ်ကို စွန့်ခွာပြီး ဇနီးချောလေးနဲ့ သားသမီးတွေကို အချိန်ပေးရင်း ပျော်ရွှင်စရာ မိသားစုဘဝလေးနဲ့ ဖြတ်သန်းနေခဲ့တာပါ။

သားနှစ်ယောက်ထဲမှာ တစ်ဦးတည်းသော သမီးလေးတစ်ယောက်သာ ပါရှိလို့ အဖေတူ သမီးလေးချောလေးရဲ့ခရစ်စမတ် ပုံရိပ်လေးကို မျှဝေကာ “တဦးတည်းသော💖💖💖

သတိ… ဖေဖေဟု လာမခေါ်ရ… Daddy လာမခေါ်ရ… ယောက္ခမ မခေါ်ရ…” ဆိုပြီးတော့ ရေးသားလာခဲ့ပါတယ်နော်။