တစ်နေ့တစ်ခြား တစ်တုတ်ပြီး ချစ်မွှေးပါတဲ့ သားသားလေးရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးကို ချပြလာတဲ့ ဗီဗာဟိန်း

ပရိတ်သတ်ကြီးရေ ဗီဗာဟိန်းကတော့ အဆိုတော်တစ်ယောက်အနေ နဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားခဲ့တဲ့ ပရိတ်သတ် အချစ်တော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဗီဗာဟိန်းကတော့ လက်ရှိမှာ အိမ်ထောင်ကျပြီး

ချစ်စရာကောင်းလှတဲ့ သားလေးနဲ့ ပျော်ရွှင် သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပါတယ်။ ဗီဗာဟိန်းရဲ့ သားလေးကတော့ လသားအရွယ်လေးသာ ရှိသေးပေမဲ့ မေမေ ဗီဗာဟိန်းလိုပဲ ချစ်ဖို့ကောင်းတာကြောင့်

ပရိတ်သတ်တွေရဲ့ အချစ်တော်လေး ဖြစ်နေခဲ့ပါသေးတယ်နော်။ သားလေးကို ပရိတ်သတ်တွေက ချစ်ကြတဲ့ အတွက် မေမေ ဗီဗာဟိန်းကတော့ ပီတိတွေ ဖြစ်နေခဲ့ပြီး အမြဲလိုလို သားလေးရဲ့ ပုံလေးတွေကို သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ

မျှဝေ ဖော်ပြပေးလေ့ ရှိပါတယ်။ ဒီနေ့မှာလည်း မေမေ ဗီဗာဟိန်းကတော့ သားလေးကို ကတုံးတုံး ပေးထားပြီး ကတုံးလေးနဲ့ ချစ်စရာကောင်းနေတဲ့ သားလေးကို ပုံလေးရိုက်ပြီး ချစ်ကြတဲ့ ပရိတ်သတ်တွေအတွက် မျှဝေ ဖော်ပြ

ပေးလာခဲ့ပါတယ်။ ပရိတ်သတ်ကြီးရေ ကတုံးလေးနဲ့တောင်ချစ်ဖို့ကောင်းနေတဲ့ ဗီဗာဟိန်းရဲ့ သားသားလေးကတော့ တကယ်ကို ချစ်မွှေးပါတာ ပါပဲနော်။