တခြား မိန်းကလေးတွေလို့ နူးနူးညံ့ညံ့ မနေတတ်ပဲ ဟန်ဆောင်မှုကင်းစွာ ကျားကျားယားယား မိန်းမသားဆန်တာကို ထုတ်ပြလာခဲ့တဲ့ မေပန်းချီ

ရုပ်ရည်ချောမောရုံသာမကပဲ မင်းသမီးချောလေး မေပန်းချီကတော့ သရုပ်ဆောင်၊ ဟန်ပန်အမူအယာလည်း ကောင်းမွန်တာကြောင့် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ

သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ မေပန်းချီဟာ လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားထားပြီး အနုပညာလှုပ်ရှားမှုအဖြစ် ကြော်ငြာတွေကိုပဲ ရိုက်ကူးကာ

အွန်လိုင်း Live Sale တွေကိုပဲ အချိန်ပေး လုပ်ကိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မေပန်းချီက ပါတိတ်ကြော်ငြာ တစ်ခုကို ရိုက်ကူးနေပြီး ရိုက်ကွင်းပေါ်က

အမှတ်တရ ဗီဒီယိုလေးကိုပါ ပရိသတ်တွေဆီ မျှဝေပေးလာခဲ့ပါတယ်။ မေပန်းချီက မင်းသမီးဆိုပေမယ့် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့မနေတတ်ပဲ အလုပ်ချိန်ပြင်ပမှာတော့

သူမရဲ့ ပုံစံအတိုင်း ဟန်ဆောင်မှုကင်းစွာ နေထိုင်တတ်တယ်ဆိုတာကိုလည်း ချစ်စဖွယ်ကောင်းစွာ အခုလိုပဲ တွေ့ရပါတယ်။ မေပန်းချီကတော့ လွတ်လပ်စွာ နေထိုင်တတ်သူ တစ်ယောက်

ဖြစ်ပေမယ့် သူမလုပ်ရမယ့် အလုပ်တွေနဲ့ ပတ်သက်လာရင်တော့ တိကျသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေပန်းချီရဲ့ ဟန်ဆောင်မှုကင်းတဲ့ ပုံရိပ်လေးကို တွေ့မြင်ရလို့ ကျေနပ်ကြမယ်လို့ ထင်ပါတယ်နော်။